သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် မီးရှုးတိုင် စတင်သယ်ဆောင်


ဇူလိုင်လမှာစတင်တော့မဲ့ လန်ဒန် အိုလံပစ်အတွက် ထွန်းညှိထားမဲ့ အိုလံပစ်မီးကို လက်ဆင့်ကမ်း သယ်ယူသွားမဲ့ မီးရှုးမှာ ထွန်းညှိတဲ့ အခမ်းအနားကို အိုလံပစ် အားကစား ပြိုင်ပွဲတွေ အစပြုရာ ဂရိနိုင်ငံမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အိုလံပစ် မီးရှုးတိုင်ကို ဂရိနိုင်ငံထဲမှာ ၇ ရက်ကြာ လက်ဆင့်ကမ်း သယ်ယူသွားမှာဖြစ်ပြီး မေ လ ၁၈ ရက်နေ့ကျမှ ဗြိတိန်နိုင်ငံဆီကို သယ်ယူသွားမှာ ဖြစ်တယ်လို့ အိုလံပစ်ပြိုင်ပွဲ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗြိတိန်နိုင်ငံထဲ ရောက်ရင်တော့ အိုလံပစ် မီးရှုးကို ရက်ပေါင်း ၇၀ ကြာ မိုင်ပေါင်း ၈ ထောင်ကျော်တဲ့ ခရီးကို လက်ဆင့်ကမ်း သယ်ဆောင်သွားမှာဖြစ်ပြီး၊ ဇူလိုင်လ ၂၇ ရက် ပြိုင်ပွဲဖွင့်ပွဲနေ့ကျရင် အိုလံပစ် အားကစားကွင်းမှာ မီးကူးဆက် ထွန်းညှိမှာဖြစ်ပါတယ်။

ဒီအိုလံပစ် မီးရှုးကို လက်ဆင့်ကမ်း သယ်ကြတဲ့အတွက် ဗြိတိန်နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကသူတွေရဲ့ စိတ်ဓါတ်တွေကို တက်ကြွစေတယ်လို့ လန်ဒန် အိုလံပစ် ပြိုင်ပွဲ ဖြစ်မြောက်ရေး တာဝန်ရှိသူ Sebastian Coe ကပြောပါတယ်။

XS
SM
MD
LG