သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု သံသယရှိသူ ၄ ဦးထက်မနည်း ဂရိရဲဖမ်းဆီး


ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ကို တိုက်ခိုက်မယ့် အကြမ်းဖက်ဝါဒီတွေရဲ့ မအောင်မြင်လိုက်တဲ့ အစီအစဉ်နဲ့ဆက်စပ်ပြီး မေးမြန်းဖို့ လူ လေးဦးထက်မနည်းကို ထိန်းသိမ်းထားတယ်လို့ ဂရိရဲတပ်ဖွဲ့ကပြောပါတယ်။ စနေနေ့ဖမ်းဆီးလိုက်တဲ့ လူလေးဦးထဲမှာ Abdelhamid Abaaoud ပါသလားဆိုတာ အာဏာပိုင်တွေက ဆန်းစစ် လေ့လာနေ တယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တခုကပြောပါတယ်။ သူဟာ ကြာသပတေးနေ့မှာ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က ဖြိုခွဲလိုက်တဲ့ အကြမ်း ဖက်ဆဲလ်လို့သံသယရှိတဲ့ အစုလေးရဲ့ အဓိကခေါင်းဆောင်အဖြစ် သံသယရှိခံထားရသူပါ။

မော်ရိုကိုနွယ်ဖွား ဘယ်လ်ဂျီယံနိုင်ငံသားဖြစ်တဲ့ Abaaoud ဟာ ဂရိနိုင်ငံမှာ ပုန်းအောင်းနေတယ်လို့ ယူဆထားပြီး စုံစမ်းစစ်ဆေး သူတွေက လိုက်ရှာနေတာပါ။

ကြာသပတေးနေ့တုန်းကတော့ နိုင်ငံအရှေ့ပိုင်း Verviers မြို့က အကြမ်းဖက်ဝါဒီအစုလေးတစုကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က စီးနင်း တိုက်ခိုက်ပြီး အကြမ်းဖက်သမားလို့ သံသယရှိသူနှစ်ဦးကို သတ်ပစ်လိုက်ပြီးတော့ တာဝန်ရှိသူတဦးအဆိုအားဖြင့် ဘယ်လ်ဂျီယံ နိုင်ငံအပေါ် ကြီးမားပြီး ဖြစ်လာတော့မယ့် တိုက်ခိုက်မှုကို တားမြစ်လိုက်နိုင်တယ်လို့ပြောပါတယ်။ အဲဒီအကြမ်းဖက်အစုလေးရဲ့ အဖွဲ့ဝင်တချို့ဟာ ဆီးရီးယားနိုင်ငံကနေ ပြန်လာကြတာလို့ တာဝန်ရှိသူကပြောပါတယ်။

အဲဒီအကြမ်းဖက်အစုလေးဟာ ဘယ်လ်ဂျီယံရဲတပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ လူ ၁၇ ယောက်သေဆုံးရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဘယ်လ်ဂျီယံက အဲဒီအစုလေးနဲ့ ဆက်စပ်သလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

XS
SM
MD
LG