သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိဘဏ်တွေ တနင်္လာနေ့ ပြန်ဖွင့်ပြီ


ဂရိသမ္မတ Prokopis Pavlopoulos (ဝဲ) အစိုးရသစ် ဝန်ကြီးတွေကို အေသင်မြို့ သမ္မတနန်းတော်မှာ ကျန်းသစ္စာကျိန်ဆိုစဉ်။ (ဇူလိုင် ၁၈၊ ၂၀၁၅)
ဂရိသမ္မတ Prokopis Pavlopoulos (ဝဲ) အစိုးရသစ် ဝန်ကြီးတွေကို အေသင်မြို့ သမ္မတနန်းတော်မှာ ကျန်းသစ္စာကျိန်ဆိုစဉ်။ (ဇူလိုင် ၁၈၊ ၂၀၁၅)

ဂရိနိုင်ငံမှာ ကြွေးမြီပြဿနာကြောင့် သီတင်း ၃ ပတ်ကြာ ပိတ်ထားခဲ့ရတဲ့ ဘဏ်တွေကို တနင်္လာနေ့မှာ ပြန်လည် ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း တနေ့ကို အများဆုံး အမေရိကန် ၆၅ ဒေါ်လာသာ ထုတ်ခွင့်ပြုမှာဖြစ်သလို နိုင်ငံခြားကို ငွေကြေးလွဲှပြောင်းမှုတွေကိုလည်း ဆက်လက် ထိန်းချုပ်ထားမှာပါ။

ဂရိနိုင်ငံအတွက် ၅ နှစ်အတွင်း တတိယအကြိမ် ဘဏ္ဍာရေးအကူအညီအဖြစ် ဒေါ်လာ ၉၆ ဘီလီယံ ရရှိနိုင်ဖို့ သတ်မှတ်ထားတဲ့အတိုင်း ခြိုးခြံချွေတာရေး အစီအစဉ်တွေကို လွှတ်တော်က မတတ်သာပဲ အတည်ပြုခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အပေါင်းလက္ခဏာတွေကို စတင်တွေ့မြင်လာခဲ့ရတာ ဖြစ်ပါတယ်။ သဘောတူညီချက်ကြောင့် အာဏာရ အစိုးရထဲမှာ အကွဲအပြဲတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ဝန်ကြီးချုပ်ကတော့ တင်းကျပ်တဲ့ ဘဏ္ဍာရေး အစီအစဉ်တွေကြောင့် ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံမှာ အဆိုးရွားဆုံး စီးပွားရေး ကျဆင်းမှုအဖြစ် ခံစားနေရတဲ့ ဂရိလူထုအတွက် ပိုပြီးထိခိုက်စရာတွေ ကြုံရလိမ့်ဦးမယ်လို့လည်း သတိပေးထားပါတယ်။

ဂရိနိုင်ငံအတွက် အရေးပေါ် ဘဏ္ဍာရေးအကူအညီအဖြစ် ဒေါ်လာ ၉၇၄ သန်း အကူအညီပေးဖို့ ဥရောပ ဗဟိုဘဏ်က ကြာသပတေးနေ့မှာ ကတိပေးခဲ့ပြီး နောက်မှာပဲ ဘဏ်တွေပြန်ဖွင့်နိုင်မယ့် အခြေအနေ ပေါ်ပေါက်လာခဲ့တာပါ။ ဒေါ်လာ ၉၆ ဘီလီယံအထိရှိမယ့် အကူအညီပေးရေး အစီအစဉ်သစ်အတွက် တရားဝင် ပြန်လည်ညှိနှိုင်းဖို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ဂျာမနီနိုင်ငံ အပါအဝင် ဥရောပလွှတ်တော်တွေမှာ ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ဆွေးနွေးမှုတွေ ပြန်လည်စတင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG