သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြိုးခြံချွေတာရေး အစီအစဉ်သစ် ဂရိလွှတ်တော်အတည်ပြု


ဂရိဝန်ကြီးချု့် Alexis Tsipras နဲ့ အာဏာရပါတီက ဥပေဒပြလွှတ်တော် အမတ်တွေ အေသင်မြို့မှာ လွှတ်တော်အစည်းအဝေးလာရောက်စဉ်။ (ဇူလိုင် ၁၅၊ ၂၀၁၅)
ဂရိဝန်ကြီးချု့် Alexis Tsipras နဲ့ အာဏာရပါတီက ဥပေဒပြလွှတ်တော် အမတ်တွေ အေသင်မြို့မှာ လွှတ်တော်အစည်းအဝေးလာရောက်စဉ်။ (ဇူလိုင် ၁၅၊ ၂၀၁၅)

ဂရိကြွေးမြီပြဿနာ ကယ်တင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ဖို့ ကြွေးရှင်နိုင်ငံတွေက အပြန်အလှန်အားဖြင့် တောင်းဆိုတဲ့ တင်းကြပ်တဲ့ ပြုပြင် ပြောင်းလဲရေးအစီစဉ်တွေကိုလက်ခံဖို့ ဂရိပါလီမန်က အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဂရိစံတော်ချိန် ကြာသပတေးနေ့ စောစောပိုင်းမှာ မဲခွဲဆုံးဖြတ်မှုကို ပြုလုပ်ခဲ့တာပါ။

အာဏာရပါတီ Syariza ဟာ ဥရောပကိုလိုလားတဲ့ အတိုက်ခံပါတီရဲ့ ထောက်ခံမှုနဲ့ ဥပဒေမူကြမ်းကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

မဲပေးပွဲ မစခင်အချိန်မှာ ဂရိဝန်ကြီးချုပ် Alexis Tsipras က သူ့အနေနဲ့ ရွေးချယ်စရာ နည်းလမ်းမရှိကြောင်းနဲ့ ဂရိနိုင်ငံကို ငွေချေးသူတွေရဲ့ တောင်းဆိုချက် တွေကို လက်ခံကြပါလို့ ဥပဒေပြုအမတ်တွေကို ပြောဆိုခဲ့ပါတယ်။ ကျနော်တို့အနေနဲ့ ဒီအပေါ်မှာ မယုံကြည်ပေမဲ့ ကျနော်တို့ကို အတင်းအဓမ္မ လက်ခံခိုင်း ထားတာဖြစ်တယ်လို့ သူကပြောပါတယ်။

စောစောပိုင်းက လွှတ်တော်ရှေ့မှာ ခြိုးခြံချွေတာမှုအပေါ် ဆန့်ကျင်တဲ့ဆန္ဒပြပွဲဖြစ်ပွားခဲ့ရာမှာ ဆန္ဒပြသူတွေက လုံခြုံရေးအစောင့်တွေကို Molotov cocktails ခေါ် ဓာတ်ဆီပုလင်းဗုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ ရဲတွေကလည်း မျက်ရည်ယိုဗုံးတွေနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် ဆန္ဒပြသူတွေဟာ Syntagma ရင်ပြင်မှာ ကစဉ့်ကလျား ထွက်ပြေးခဲ့ကြရပါတယ်။

အေသင်မြို့ရဲ့ တခြားနေရာတွေမှာတော့ တသောင်းထက်မနည်းတဲ့ လူအုပ်ကြီးဟာ ခြိုးခြံချွေတာရေးအစီစဉ်အပေါ် ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG