သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိဝန်ကြီးချုပ် အစိုးရအဖွဲ့ အပြောင်းအလဲ လုပ်


ဂရိနိုင်ငံ အေသင်မြို့က လွှတ်တော်ကို တက်ရောက်နေတဲ့ ဂရိဝန်ကြီးချုပ် Alexis Tsipras (ဇူလိုင် ၂၀၁၅)
ဂရိနိုင်ငံ အေသင်မြို့က လွှတ်တော်ကို တက်ရောက်နေတဲ့ ဂရိဝန်ကြီးချုပ် Alexis Tsipras (ဇူလိုင် ၂၀၁၅)

ဂရိ အစိုးရကို ငွေထုတ်ချေးနေတဲ့ နိုင်ငံတကာကြွေးရှင်နိုင်ငံတွေ က တောင်းဆိုနေ တဲ့ ခြိုးခြံချွေတာရေး အစီအစဉ် နဲ့ ပတ်သက်ပြီး ကန့်ကွက်ခဲ့ကြတဲ့ ဝန်ကြီးတွေနေရာ မှာ အစားထိုးဖို့ အတွက် ဂရိဝန်ကြီးချုပ် Alexis Tsipras က အစိုးရ အဖွဲ့ကို သောကြာနေ့မှာ အပြောင်းအလဲတွေ လုပ်လိုက်ပါတယ်။

မစ္စတာ ဆစ်ပရပ်စ်က ဝန်ကြီးနေရာ ၉ နေရာကို အပြောင်းအလဲတွေ လုပ်ခဲ့တာပါ။ စွမ်းအင်ဝန်ကြီး Panagiotis Lafazanis နေရာမှာ အလုပ်သမားဝန်ကြီးဟောင် Panos Skourletis နဲ့ အစားထိုးလိုက်ပြီး၊ အခုသီတင်းပတ်အစောပိုင်းက ဒု-ဘဏ္ဍာရေးဝန်ကြီး ရာထူးကနှုတ်ထွက်သွားတဲ့ Nadia Valavani နေရာမှာ Trifon Alexiadis အစားထိုးလိုက်ပါတယ်။

ဒု-ကာကွယ်ရေးဝန်ကြီးအဖြစ်နဲ့ ပညာရှင် Christoforos Vernardakis ကို ခန့်အပ်လိုက်ပြီး လွှတ်တော်အမတ် Olga Gerovassili ကို အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ် အသစ်အဖြစ်နဲ့ ခန့်အပ်လိုက်ပါတယ်။

ဂရိနိုင်ငံကို အရေးပေါ်ရံပုံငွေ တိုးပေးဖို့အတွက် ဥရောပဗဟိုဘဏ်ကနေ သဘောတူထားပြီးဖြစ်ပါတယ်။ ဂရိလွှတ်တော်အမတ်တွေက လိုအပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို လုပ်ဖို့ သဘောတူလိုက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဥရောပငွေကြေးသုံးနိုင်ငံတွေရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေကနေ ဂရိအစိုးရကို ရေတိုချေးငွေ ထုတ်ချေးဖို့ ကြာသာပတေးနေ့က သဘောတူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG