သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်


ဂရိဝန်ကြီးချုပ် Alexis Tsipras။
ဂရိဝန်ကြီးချုပ် Alexis Tsipras။

ဂရိဝန်ကြီးချုပ် Alexis Tsipras ဟာ ချေးငွေအသစ်တခု ရထားပြီးတဲ့နောက် ကြာသပတေးနေ့မှာ ရာထူးကနေ ရုတ်တရက် နှုတ်ထွက်လိုက်ပြီး အချိန် မတိုင်သေးခင် ရွေးကောက်ပွဲကိုစောပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာ လိုက်ပါတယ်။ ဝန်ကြီးချုပ်ဖြစ်လာပြီး ခုနစ်လပဲ ရှိသေးချိန်မှာ အခုလို ကြေညာတာပါ။

အခုချိန်ထိ လုပ်ထားပြီးသမျှတွေကို ဂရိလူထုကို တင်ပြပြီး သူတို့ရဲ့ ဆုံးဖြတ်ချက် ကို နောက်တကြိမ် ခံယူချက်ပါတယ်လို့ ရုပ်မြင် သံကြားကနေထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ Tsipras ကပြောပါတယ်။

တင်းမာတဲ့သဘောထားရှိသူ လက်ဝဲဝါဒီ Tsipras ဟာ သူ့ရဲ့ အာဏာရ Syriza ပါတီထဲက လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ရဲ့ ဆန့်ကျင်မှုတွေနဲ့ ကြုံတွေ့နေရချိန်မှာပဲ အခုလို ရာထူးက နှုတ်ထွက် လိုက်တာပါ။ နောက်ထပ်ချေးငွေတွေ ရဖို့ အတွက် အပြန်အလှန် အားဖြင့် နိုင်ငံတကာ မြီရှင်တွေက အတင်းအကျပ်လုပ်ခိုင်းတဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ အဆုံးသတ် စေရမယ်ဆိုတဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလ ကတိတွေ အတိုင်း မလုပ်ဆောင်ဘူးဆိုပြီးတော့ သူ့ပါတီရဲ့ လွှတ်တော် အမတ်တွေ ဒေါသထွက်ကြတာပါ။

အခုလို ရွေးကောက်ပွဲ စောလုပ်မယ်လို့ ကြေညာပြီးတော့ လွှတ်တော်တွင်းမှာ သူ့ကိုဆန့်ကျင်တဲ့ အမတ်အရေအတွက် နည်းသွား ပြီး သူ့ကိုထောက်ခံတဲ့ အမတ်အရေအတွက် ပိုများလာအောင် ဂရိမဲဆန္ဒရှင်တွေက မဲပေးမလားဆိုတာကို Tsipras က ကောင်းကောင်း စမ်းကြည့်လိုက်တာပါပဲ။ ကြွေးထူနေတဲ့ ဂရိနိုင်ငံအတွက် ငါးနှစ်အတွင်း တတိယအကြိမ်မြောက် ချေးငွေ ဒေါ်လာ ၉၅ ဘီလီယံကို မကြာသေးခင်ကပဲ ဥရောပမြီရှင်တွေက အတည်ပြုပေးထားပါတယ်။

XS
SM
MD
LG