သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖားကန္႔ၿမိဳ႕အနီးက ေမွာ္ပုံေက်းရြာကို စစ္ေကာင္စီတပ္ ၀င္စီး၊ ကုန္စုံဆိုင္မီးရႈိ႕ၿပီး ပိုင္ရွင္ကို ဖမ္းသြား


ကခ်င္ျပည္နယ္ ဖားကန္႔ၿမိဳ႕။ (ဓာတ္ပံု - Zaw Moe Htet)

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္က ေမွာ္ပုံေက်း႐ြာကို ဒီမနက္အေစာပိုင္းက စစ္ေကာင္စီတပ္က ဝင္ေရာက္စီးနင္းခဲ့ၿပီး ကုန္စုံဆိုင္တစ္ဆိုင္ကို မီးရႈိ႕သြားသလို ဆိုင္ရွင္ကိုလည္း ဖမ္းဆီးခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။ ဒီရက္ပိုင္းမွာ တႏိုင္းလီဒိုလမ္းမေပၚက ရွဒူးဇြပ္႐ြာအနီးမွာလည္း တိုက္ပြဲေတြ ျဖစ္ပြားခဲ့ၿပီး ေဒသခံေတြကေတာ့ တိုက္ပြဲေတြျပင္းထန္လာမွာ စိုးရိမ္ၿပီး ေဘးလြတ္ရာကို ထြက္ေျပးတိမ္းေရွာင္ေနၾကပါတယ္။ ကခ်င္ျပည္နယ္က ေနာက္ဆုံးရ သတင္းကို ကိုၿငိမ္းခ်မ္းက ေျပာျပပါမယ္။

ဖားကန႔္ၿမိဳ႕နယ္ လုံးခင္းေက်း႐ြာအုပ္စု ေမွာ္ပုံ႐ြာကို မနက္ ၅ နာရီခြဲေလာက္မွာ ျမန္မာစစ္တပ္က ၀င္ေရာက္စီးနင္းတိုက္ခိုက္ခဲ့တာပါ။ ေဒသခံတစ္ဦး VOA ကို အခုလို ေျပာပါတယ္။

“ဖားကန႔္ ဒီ လုံးခင္းအထက္ပိုင္း ေမွာ္ပုံ႐ြာေပါ့။ မနက္ ၅ နာရီ ၄၀ မွာ လာပစ္သြားတာပဲ။ ကားနဲ႔ အရပ္ဝတ္နဲ႔။ စစ္တပ္ဘက္က ပစ္သြားတာ။ အဲဒီ ကုေဋဦးဆိုတဲ့ ကုန္စုံဆိုင္ကို ဓါတ္ဆီေလာင္း ရႈိ႕သြားတယ္။ စစ္တပ္ဘက္ကေတာ့ ဆန္ခါဘက္ကေန ပစ္တယ္။ PDF ေမွာ္ပုံလည္း ပစ္တယ္။ အိမ္တစ္အိမ္ မီးေလာင္သြားတယ္။ အိမ္ပိုင္ရွင္ကို ဖမ္းသြားတယ္လို႔ ၾကားတယ္။ အထိအခိုက္ အက်အဆုံးေတာ့ မရွိဘူးဗ်။”

ေမွာ္ပုံေက်း႐ြာဟာ အရင္က ျမန္မာစစ္တပ္ ထိန္းခ်ဳပ္ထားတဲ့ေနရာျဖစ္ပါတယ္။ အာဏာသိမ္းၿပီးေနာက္မွာ KIA နဲ႔ PDF တပ္ဖြဲ႕ေတြ ျပန္လည္ အေျခစိုက္လာတာေၾကာင့္ နယ္ေျမစိုးမိုးေရးအတြက္ အားၿပိဳင္ေနတဲ့ ေနရာလည္း ျဖစ္ပါတယ္။

ေဒသတြင္းသတင္းမီဒီယာေတြကေတာ့ စစ္ေကာင္စီတပ္က ေမွာ္ပုံေက်း႐ြာမွာ PDF တပ္ဖြဲ႕ေတြ အေျခစိုက္ေနတာေၾကာင့္ ဝင္ေရာက္ရွင္းလင္းတာျဖစ္ေၾကာင္းနဲ႔ ႐ြာသား ၂ ဦး ဖမ္းဆီးခံရတယ္လို႔ ေရးပါတယ္။ စစ္ေကာင္စီဘက္က ဒါနဲ႔ ပတ္သက္လို႔ သတင္းထုတ္ျပန္တာ မရွိပါဘူး။

KIA ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ အခုလို ေျပာဆိုပါတယ္။

“ ၅ နာရီေက်ာ္အခ်ိန္မွာ စစ္ေကာင္စီဘက္က အဲဒီေမွာ္ပုံ႐ြာ တံတားဦးဘက္ကို ပါဂ်႐ိုးကားနဲ႔ ဝင္ၿပီးမွ အဲဒီ တံတားဦးမွာ ရွိတဲ့ ဆိုင္တစ္ဆိုင္ကို မီးရႈိ႕ပစ္တယ္တဲ့။ ေနာက္ၿပီးေတာ့ အဲဒီ ဆိုင္ရွင္ကိုလည္း ေခၚသြားတယ္။ ေနာက္ၿပီးေတာ့ သူတို႔ဘက္ကေနလည္း လက္နက္ႀကီးနဲ႔မ်ား လွမ္းပစ္သလား မသိဘူး။ ဒါေပမဲ့ အျပန္အလွန္ တိုက္ပြဲျဖစ္တဲ့ဟာကေတာ့ မရွိဘူးခင္ဗ်။”

ဒီလ ၁၂ ရက္ေန႔ကေတာ့ ဖားကန႔္ၿမိဳ႕နယ္ တႏိုင္း-လီဒိုလမ္းမေပၚက ရွဒူးဇြပ္ေက်း႐ြာအနီးက KIA တိုက္နယ္႐ုံးကို စစ္ေကာင္စီတပ္က ေလယာဥ္နဲ႔ ၂ ႀကိမ္ ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။

ရွဒူးဇြပ္ေက်း႐ြာက ျပည္သူအခ်ိဳ႕ကေတာ့ တိုက္ပြဲေတြ ျပင္းထန္ျဖစ္လာမွာကို စိုးရိမ္ၿပီး အျခားေဒသေတြကို တိမ္းေရွာင္ေနရတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

“အဲဒါ တစ္ေန႔က ဆရာ။ တစ္ေန႔က အေျခအေနကေတာ့ သူတို႔ ေလယာဥ္နဲ႔လာၿပီးေတာ့ ႏွစ္ေက်ာ့ေပါ့ေနာ္။ ႏွစ္ေက်ာ့ လာၿပီး ဗုံးႀကဲသြားတာေပါ့။ ႐ုံးရွိတဲ့ေနရာေပါ့။ ႐ုံးအဆင့္ တိုက္နယ္႐ုံးေပါ့။ ႀကဲၿပီးေတာ့ ေျခလ်င္တပ္နဲ႔ ျပန္ၿပီးေတာ့ လာတာေပါ့။ ႐ုံးေတြကို မီးရႈိၿပီးေတာ့ ျပန္ၿပီးေတာ့ ေခါက္ခဲ့တာေပါ့။ ေလယာဥ္နဲ႔ ဗုံးလာႀကဲေတာ့ ႐ြာဘက္ကိုမ်ား ပစ္လာမလားေပါ့။ ေၾကာက္ေနတာေပါ့။ စိုးရိမ္မႈေတြ ရွိလာေတာ့ ႐ြာသားေတြက ေရွာင္ေျပးသြားတာေပါ့။ ေဆြမ်ိဳးရွိတဲ့ေနရာေတြ တိမ္းေရွာင္တာေပါ့။ တခ်ိဳ႕ကေတာ့ စစ္ေရွာင္စခန္းေတြမွာ ေရွာင္တာေပါ့။”

လီဒိုလမ္းမႀကီးေပၚက ရွဒူးဇြပ္႐ြာအနီးမွာ KIA တပ္ရင္း ၁၄ အေျခစိုက္ထားတဲ့ေနရာျဖစ္ၿပီး ၿပီးခဲ့တဲ့လအတြင္းက တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။

ၾသဂုတ္လ ဒုတိယပတ္အတြင္းမွာ လည္း ဖားကန႔္ၿမိဳ႕နယ္ ဆယ္ဇင္းေက်း႐ြာမွာ စစ္ေကာင္စီနဲ႔ KIA အၾကား တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ၿပီး ေဒသခံ ၂,၀၀၀ ေက်ာ္ဟာ ေနရပ္စြန႔္ခြာ တိမ္းေရွာင္ခဲ့ရပါတယ္။

[Unicode Version]

ဖားကန့်မြို့အနီးက မှော်ပုံကျေးရွာကို စစ်ကောင်စီတပ် ဝင်စီး၊ ကုန်စုံဆိုင်မီးရှို့ပြီး ပိုင်ရှင်ကို ဖမ်းသွား

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က မှော်ပုံကျေးရွာကို ဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကုန်စုံဆိုင်တစ်ဆိုင်ကို မီးရှို့သွားသလို ဆိုင်ရှင်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ တနိုင်းလီဒိုလမ်းမပေါ်က ရှဒူးဇွပ်ရွာအနီးမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေကတော့ တိုက်ပွဲတွေပြင်းထန်လာမှာ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးရ သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ပုံရွာကို မနက် ၅ နာရီခွဲလောက်မှာ မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ ဒေသခံတစ်ဦး VOA ကို အခုလို ပြောပါတယ်။

“ဖားကန့် ဒီ လုံးခင်းအထက်ပိုင်း မှော်ပုံရွာပေါ့။ မနက် ၅ နာရီ ၄၀ မှာ လာပစ်သွားတာပဲ။ ကားနဲ့ အရပ်ဝတ်နဲ့။ စစ်တပ်ဘက်က ပစ်သွားတာ။ အဲဒီ ကုဋေဦးဆိုတဲ့ ကုန်စုံဆိုင်ကို ဓါတ်ဆီလောင်း ရှို့သွားတယ်။ စစ်တပ်ဘက်ကတော့ ဆန်ခါဘက်ကနေ ပစ်တယ်။ PDF မှော်ပုံလည်း ပစ်တယ်။ အိမ်တစ်အိမ် မီးလောင်သွားတယ်။ အိမ်ပိုင်ရှင်ကို ဖမ်းသွားတယ်လို့ ကြားတယ်။ အထိအခိုက် အကျအဆုံးတော့ မရှိဘူးဗျ။”

မှော်ပုံကျေးရွာဟာ အရင်က မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာ KIA နဲ့ PDF တပ်ဖွဲ့တွေ ပြန်လည် အခြေစိုက်လာတာကြောင့် နယ်မြေစိုးမိုးရေးအတွက် အားပြိုင်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒေသတွင်းသတင်းမီဒီယာတွေကတော့ စစ်ကောင်စီတပ်က မှော်ပုံကျေးရွာမှာ PDF တပ်ဖွဲ့တွေ အခြေစိုက်နေတာကြောင့် ဝင်ရောက်ရှင်းလင်းတာဖြစ်ကြောင်းနဲ့ ရွာသား ၂ ဦး ဖမ်းဆီးခံရတယ်လို့ ရေးပါတယ်။ စစ်ကောင်စီဘက်က ဒါနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အခုလို ပြောဆိုပါတယ်။

“ ၅ နာရီကျော်အချိန်မှာ စစ်ကောင်စီဘက်က အဲဒီမှော်ပုံရွာ တံတားဦးဘက်ကို ပါဂျရိုးကားနဲ့ ဝင်ပြီးမှ အဲဒီ တံတားဦးမှာ ရှိတဲ့ ဆိုင်တစ်ဆိုင်ကို မီးရှို့ပစ်တယ်တဲ့။ နောက်ပြီးတော့ အဲဒီ ဆိုင်ရှင်ကိုလည်း ခေါ်သွားတယ်။ နောက်ပြီးတော့ သူတို့ဘက်ကနေလည်း လက်နက်ကြီးနဲ့များ လှမ်းပစ်သလား မသိဘူး။ ဒါပေမဲ့ အပြန်အလှန် တိုက်ပွဲဖြစ်တဲ့ဟာကတော့ မရှိဘူးခင်ဗျ။”

ဒီလ ၁၂ ရက်နေ့ကတော့ ဖားကန့်မြို့နယ် တနိုင်း-လီဒိုလမ်းမပေါ်က ရှဒူးဇွပ်ကျေးရွာအနီးက KIA တိုက်နယ်ရုံးကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ရှဒူးဇွပ်ကျေးရွာက ပြည်သူအချို့ကတော့ တိုက်ပွဲတွေ ပြင်းထန်ဖြစ်လာမှာကို စိုးရိမ်ပြီး အခြားဒေသတွေကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဲဒါ တစ်နေ့က ဆရာ။ တစ်နေ့က အခြေအနေကတော့ သူတို့ လေယာဉ်နဲ့လာပြီးတော့ နှစ်ကျော့ပေါ့နော်။ နှစ်ကျော့ လာပြီး ဗုံးကြဲသွားတာပေါ့။ ရုံးရှိတဲ့နေရာပေါ့။ ရုံးအဆင့် တိုက်နယ်ရုံးပေါ့။ ကြဲပြီးတော့ ခြေလျင်တပ်နဲ့ ပြန်ပြီးတော့ လာတာပေါ့။ ရုံးတွေကို မီးရှိုပြီးတော့ ပြန်ပြီးတော့ ခေါက်ခဲ့တာပေါ့။ လေယာဉ်နဲ့ ဗုံးလာကြဲတော့ ရွာဘက်ကိုများ ပစ်လာမလားပေါ့။ ကြောက်နေတာပေါ့။ စိုးရိမ်မှုတွေ ရှိလာတော့ ရွာသားတွေက ရှောင်ပြေးသွားတာပေါ့။ ဆွေမျိုးရှိတဲ့နေရာတွေ တိမ်းရှောင်တာပေါ့။ တချို့ကတော့ စစ်ရှောင်စခန်းတွေမှာ ရှောင်တာပေါ့။”

လီဒိုလမ်းမကြီးပေါ်က ရှဒူးဇွပ်ရွာအနီးမှာ KIA တပ်ရင်း ၁၄ အခြေစိုက်ထားတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့လအတွင်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သြဂုတ်လ ဒုတိယပတ်အတွင်းမှာ လည်း ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာမှာ စစ်ကောင်စီနဲ့ KIA အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၂,၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရပါတယ်။

XS
SM
MD
LG