သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိနစ် ၉၀ ကျော် အကြိတ်အနယ်ကစားပြီး ဘရာဇီးလ်-ကော်စတာရီကာ ၂ ဂိုး ဂိုးမရှိ


ဘရာဇီးလ် ရှေ့တန်းတိုက်စစ်မှူး Neymar
ဘရာဇီးလ် ရှေ့တန်းတိုက်စစ်မှူး Neymar

ဇွန်လ ၂၂ ရက်နေ့က ကစားခဲ့ကြတဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲစဉ်တွေထဲမှာ အုပ်စု E က ဘရာဇီးလ်နဲ့ ကော်စတာ ရီကာ အသင်းတို့ အရင်စ ကစားပါတယ်။ အဲဒီပွဲမှာ ဘရာဇီးလ်က ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီ ၂ ဂိုးလုံး ကို ပွဲပြီးချိန် မိနစ် ၉၀ ကျော်မှ သွင်းခဲ့တာပါ။ နောက်ဆုံးတလုံးကို ဘရာဇီးလ်ရဲ့ရှေ့တန်းတိုက်စစ်မှူး နေမာက သွင်းခဲ့တာပါ။

ကမ္ဘာကျော်ဘရာဇီးလ်အသင်းဟာ ကော်စတကာရီကာအသင်းကို အနိုင်ရဖို့ အကြိတ်အနယ်ကစားခဲ့ရတာပါ။ ပွဲပြီးဆုံးတဲ့ ခရာမှုတ်လိုက်တဲ့အချိန်မှာတော့ ဘရာဇီးလ်တိုက်စစ်မှူးနေမှာ ကွင်းအလယ်မှာ ငိုခဲ့ပါတယ်။

မနေ့က ဒုတိယကစားတဲ့ပွဲကတော့ အုပ်စု D က နိုင်ဂျီးရီးယားနဲ့ အိုက်စလန်ပွဲပါ။ အဲဒီပွဲမှာ နိုင်ဂျီးရီးယားက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ အိုက်စလန် အသင်းအတွက် ပင်နလ်တီ တလုံးရခဲ့ပေမဲ့လည်း ဝင် အောင် မသွင်းနိုင်ခဲ့ပါဘူး။ ဂိုးပေါ်ကကျော်သွားခဲ့ပါတယ်။

မနေ့က ကစားတဲ့နောက်ဆုံးပွဲကတော့ ဆားဗီးယားနဲ့ ဆွစ်ဇာလန်အသင်းပါ။ ဆွစ်ဇာလန်က ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ခဲ့ပါတယ်။ ပွဲစပြီး ငါးမိနစ်အကြာမှာပဲ ဆားဗီးယားက တလုံး စသွင်းခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းက ချေပဂိုးကို ဒုတိယပိုင်းအစမှာ ပြန်သွင်း နိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးနောက်ဆုံးမိနစ်မှာ ဆွစ်ဇာလန်က အနိုင်ဂိုးကို သွင်းနိုင်ခဲ့ပါတယ်။ ဒီပွဲကလည်း အကြိတ်အနယ်က စားခဲ့ကြတဲ့ ပွဲပါပဲ။

မနက်ဖြန်ဇွန်လ ၂၃ ရက်မှာ ကစားကြမယ့်အသင်းတွေက အုပ်စု G က ဘလ်ဂျီယန်နဲ့ တူနီးရှား၊ အုပ်စု F က တောင်ကိုရီးယားနဲ့ မက္ကစီကို၊ ဂျာမနီနဲ့ ဆွီဒင်တို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG