သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Guantanamo အကျဉ်းစခန်းပိတ်ပစ်ရေး အိုဘားမားအစိုးရတင်သွင်း


ကျူးဘားနိုင်ငံ Guantanamo မှာရှိတဲ့ အမေရိကန် စစ်အကျဉ်းစခန်း ပိတ်ပစ်မယ့် အစီအစဉ်ကို သမ္မတ Barack Obama အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအကျဉ်းစခန်းဟာ အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အထောက်အကူမပြုဘဲ သေးသိမ်သွားအောင် လုပ်ဆောင်နေတယ်လို့ သမ္မတ အိုဘားမား အစိုးရက ပြောပါတယ်။

တိုင်းပြည်တခုအနေနဲ့ ဒီကိစ္စကို အခု ကိုင်တွယ်ဖြေရှင်းခြင်း မလုပ်ရင် ဘယ်တော့မှ လုပ်ကြမှာလဲ ဆိုပြီး ကာကွယ်ရေးဌာနက အကျဉ်းစခန်းပိတ်မယ့် အစီအစဉ်ကို အင်္ဂါနေ့က လွှတ်တော်ကို တင်သွင်းအပြီးမှာ သမ္မတ အိုဘားမားက အိမ်ဖြုတော်မှာ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

လွှတ်တော်အနေနဲ့ သမိုင်းရဲ့ မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့နဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်အတွင်း ရရှိခဲ့တဲ့ သင်္ခန်းစာတွေကိုယူပြီး တိုင်းပြည်အနေနဲ့ လုပ်ဆောင်ကြဖို့ သမ္မတ အိုဘားမားက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

ဒါပေမဲ့ လွှတ်တော် ၂ ရပ်စလုံးမှာရှိတဲ့ ရီပတ်ဘလီကန်အမတ်တွေကတော့ အကျဉ်းစခန်းပိတ်မယ့် သမ္မတအိုဘားမားရဲ့ အစီအစဉ်ဟာ တိကျခိုင်မာမှု မရှိတဲ့အပြင် အန္တရာယ်များတဲ့ အဆိုပြုချက် ဖြစ်တယ်ဆိုပြီး မဆိုင်းမတွ ပယ်ချလိုက်ကြပါတယ်။

သမ္မတရဲ့ အဆိုပြုချက်ကို အထက်လွှတ်တော်အနေနဲ့ ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပေမဲ့ အစီအစဉ်ထဲမှာ အန္တရာယ်ရှိတဲ့ အကြမ်းဖက်သမားတွေ အမေရိကန်နိုင်ငံတွင်းရှိ အကျဉ်းစခန်းတွေကို ခေါ်လာမယ့် အစီအစဉ် ပါဝင်နေတာကြောင့် - ပါတီ ၂ ရပ်စလုံးက လွှတ်တော်အမတ်တွေအနေနဲ့ သူတို့ရဲ့ သဘောထားတွေကို ထုတ်ဖော်ပြောကြားပြီး ဖြစ်တဲ့အတွက် လွှတ်တော်ရဲ့ဆန္ဒကို သမ္မတ အိုဘားမားအနေနဲ့ သဘောပေါက် နားလည်သင့်တယ်လို့ အထက်လွှတ်တော် အမတ်များစုခေါင်းဆောင် Mitch McConnell က ပြောပါတယ်။

XS
SM
MD
LG