သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နျူကလီယားအရေး ကန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေ သဘောတူညီမှုရ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ပင်လယ်ကွေ့နိုင်ငံများကနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ။ (သြဂုတ် ၃၊ ၂၀၁၅)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ပင်လယ်ကွေ့နိုင်ငံများကနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ။ (သြဂုတ် ၃၊ ၂၀၁၅)

အီရန်နဲ့ ရရှိခဲ့တဲ့ နျူကလီယား သဘောတူညီချက် စတင် အကောင်အထည်ဖော်ခဲ့ရင် ဒေသတွင်း လုံခြုံရေးကို အထောက်အကူ ပြုစေမယ်လို့ GCC - ပင်လယ်ကွေ့ဒေသနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၆ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

GCC - ၆ နိုင်ငံအနေနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် ဖလှယ်ရေး၊ သင်တန်းပို့ချရေးနဲ့ ရေကြောင်း လုံခြုံရေးကိစ္စတွေကို တိုးမြှင့် ဆောင်ရွက် သွားကြဖို့ သဘောတူခဲ့ကြောင်း ကာတာနိုင်ငံ၊ Doha မြို့မှာ တနင်္လာနေ့က တွေ့ဆုံ ဆွေးနွေးအပြီး ဝန်ကြီးကယ်ရီက အဲဒီလို ပြောကြားလိုက်တာပါ။

အီရတ်နိုင်ငံ လူသားချင်းစာမှု အကူအညီပေးရေး လုပ်ငန်းတွေအတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ နောက်ထပ် ဒေါ်လာ ၆၂ သန်း အကူအညီ ပေးမယ်လို့ ဝန်ကြီးကယ်ရီက ပြောကြားလိုက်တဲ့အတွက် လွန်ခဲ့တဲ့ တနှစ်ခွဲအတွင်း အမေရိကန် ပြည်ထောင်စုက ပေးတဲ့ အကူအညီ စုစုပေါင်း ဒေါ်လာ ၄၇၅ သန်း ရှိသွားပြီ ဖြစ်ပါတယ်။

အီရန်အနေနဲ့ နျူကလီယားလက်နက် ပိုင်ဆိုင်ခွင့်မရအောင်လိုအပ်တာတွေကို တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ အမေရိကန် ပြည်ထောင်စုက ကတိ ပေးခဲ့ကြောင်း ဝန်ကြီးကယ်ရီနဲ့အတူ ဘေးချင်းယှဉ်ပြီး ကာတာ နိုင်ငံခြားရေးဝန်ကြီး Khalid Bin Mohammed al Attiyah က ပြောကြားခဲ့ပါတယ်။

ကာတာနိုင်ငံ၊ Doha မြို့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း အီရန်နျူကလီယားအရေးနဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG