သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ဆန္ဒပြပွဲ အတိုက်အခံ ခေါင်းဆောင်ကား အပစ်ခံရ


 အတိုက်အခံ ခေါင်းဆောင် ဦးဆောင်လာတဲ့ ပါကစ္စတန် နိုင်ငံ Gujranwala မြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲ။ (သြဂုတ် ၁၅၊ ၂၀၁၄)
အတိုက်အခံ ခေါင်းဆောင် ဦးဆောင်လာတဲ့ ပါကစ္စတန် နိုင်ငံ Gujranwala မြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲ။ (သြဂုတ် ၁၅၊ ၂၀၁၄)

ပါကစ္စတန် နိုင်ငံ Gujranwala မြို့မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြချီတက်ပွဲကို ဦးဆောင်လာတဲ့ အတိုက်အခံ ခေါင်းဆောင် Imran Khan ရဲ့ ကား သေနတ် နဲ့ အပစ်ခံရပြီး အပြန်အလှန် တိုက်ခိုက်မှုတွေ ဒီကနေ့မှာ ဖြစ်ခဲ့ပါတယ်။ ကားကို ကျည်ဆန် ထိမှန်ခဲ့ပေမဲ့ ခေါင်းဆောင် ဒဏ်ရာ မရခဲ့ဘူး လို့ သူရဲ့ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

Imran Khan ရဲ့ ကားတန်းကို လူတစ်စုကလည်း ကျောက်ခဲ တွေ နဲ့ ပေါက်ခဲ့ပါတယ်။ အကျင့်ပျက် ချစားနေတယ်လို့ စွပ်စွဲပြီး ဝန်ကြီးချုပ် Nawaz Sharif အစိုးရကို ဖြုတ်ချဖို့ အတွက် အင်မန် ခန်း နဲ့ မူစလင် တရားဟောဆရာ Tahir ul-Qadri တို့ဟာ မြိုတော် Islamabad ကို မော်တော် ယာဉ်တန်းကို ဦးဆောင်ပြီး ချီတက်လာတာပါ။

မြို့တော် Islamabad နဲ့ မိုင် ၂၃၀ ကျော် ကွာဝေး တဲ့ Lahore မြို့ကနေ ကြာသပတေးနေ့ကတည်းက အခုလို ချီတက်လာခဲ့တာပါ။ အစိုးရ အနေနဲ့ ဆန္ဒပြတာတွေ ကို ပိတ်ပင်ထားပေမဲ့ အတိုက်အခံ ထောက်ခံသူတွေကို ချီတက်ဖို့ အတွက် မနေ့က ခွင့်ပြုခဲ့ကြတာပါ။

မြို့တော် က လမ်းမတွေ မှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၂၅၀၀၀ လောက်ကို ချထားပါတယ်။ အင်တာနက် နဲ့ မိုဘိုင်း ဖုန်း လိုင်းတွေကိုလည်း နေရာတော်တော်များများမှာ ရပ်ဆိုင်းထားပါတယ်။

မြို့တော် Islamabad မှာ သပိတ်စခန်းဖွင့်ပြီး ဝန်ကြီးချုပ် ရှာရစ် ဆင်းပေးဖို့ နဲ့ နောက်ထပ် ရွေးကောက်ပွဲ တစ်ခု မလုပ်ပေး မချင်း သူတို့ရဲ့ ထောက်ခံသူတွေ နဲ့ အတူ ဆန္ဒပြမယ်လို့ ကတိပြုထားပါတယ်။ ဝန်ကြီးချုပ် Sharif အာဏာ ရစေခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်က ရွေးကောက်ပွဲဟာ မဲသမာမှု တွေ ပြည့်နေတယ်လို့ အင်မန် ခန်း က စွပ်စွဲထားတာပါ။ ဇွန်လ က အစိုးရ ဆန့်ကျင် ဆန္ဒပြမှု တွေကို ရဲက ဖြိုခွဲခဲ့ပြီး လူတစ်ခါဇင်လောက် သေဆုံးခဲ့ရတဲ့ အတွက် တရားမျှတမှု ပြန်ပေးဖို့ကိုလည်း Qadri က တောင်းဆိုနေတာပါ။

အကြမ်းဖက် သမားတွေကို နှိမ်နင်းတဲ့ ဥပဒေတွေကို သုံးပြီး သူကို ထောက်ခံသူတွေကို တာဝန်ရှိသူတွေက နှိပ်ကွပ်နေတယ်လို့ လည်း Qadri က ပြောပါတယ်။

XS
SM
MD
LG