သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျူးဘုရားကျောင်းပစ်ခတ်မှု ၁၁ ဦးထက်မနည်း သေဆုံး


အခင်းဖြစ်ချိန်က ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တာဝန်ရှိသူများ။ ၂၇ အောက်တိုဘာ ၂၀၁၈။
အခင်းဖြစ်ချိန်က ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသည့် တာဝန်ရှိသူများ။ ၂၇ အောက်တိုဘာ ၂၀၁၈။

အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ်၊ Pittsburgh မြို့က ဂျူးဘုရားကျောင်းတခုထဲကို သေနတ်နဲ့ ဝင်ပစ်တဲ့ အတွက် လူ ၁၁ ယောက်ထက်မနည်း သေဆုံးသွားပြီး ရဲတပ်ဖွဲ့ဝင်တဦး အပါအဝင် စုစုပေါင်း ၆ ဦး ဒဏ်ရာရပါတယ်။

ဒဏ်ရာရတဲ့ထဲက အရပ်သားနှစ်ဦးဟာ အခြေအနေစိုးရိမ်ရတယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

စနေနေ့က ဝတ်ပြုဆုတောင်းပွဲ လုပ်နေချိန်အတွင်း လူတယောက်က “ဂျူးတွေအားလုံး သေကြ” လို့ အော်ဟစ်ပြီး မြင်မြင်သမျှ ပစ်ခတ်တာကြောာင့် ဝတ်ပြုနေသူတွေ သေဆုံးကြရတာပါ။

Tree of Life ဘုရားကျောင်းထဲမှာဖြစ်တဲ့ အဲဒီပစ်ခတ်မှုအတွက် သံသယရှိသူအဖြစ် အသက် ၄၈ နှစ်အရွယ် Robert Bowers ကို ဖမ်းဆီးထားပြီး သူရထားတဲ့ ဒဏ်ရာတွေ ကိုကုသဖို့ ဆေးရုံပို့ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖြစ်ရပ်က အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပြီး ဒါဟာ “အမုန်းတရားအခြေခံ ကျူးလွန် တဲ့ ရာဇဝတ်မှုထဲမှာ အကျူံးဝင်တယ်” လို့ Pittsburgh မြို့၊ လူထုလုံခြုံရေးဌာန ညွှန်ကြားရေးမှူး Wendell Hissrich က သတင်းထောက်တွေကို ပြောပါတယ်။ ဒီဖြစ်ရပ် ဟာ သူမြင်ဖူးသမျှ အဆိုးရွားဆုံး ရာဇဝတ်မှုတွေထဲက တခုဖြစ်တယ်လို့လည်း ဆိုပါတယ်။

Pittsburgh မြို့က ဂျူးလူမျိုးအများစုနေထိုင်တဲ့ Squirrel Hill အရပ်မှာရှိတဲ့ အဲဒီ ဘုရားကျောင်းမှာ စနေမနက် ၉ နာရီခွဲ ဝတ်ပြုဆုတောင်းပွဲတွေ အသီးသီး လုပ်နေကြချိန်မှာ စပြီးပစ်ခတ်တာလို့ ဝတ်ပြုသူတွေကပြောပါတယ်။

ဂျူးဘုရားကျောင်းပစ်ခတ်မှု ၁၁ ဦးထက်မနည်း သေဆုံး
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG