သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရုပ်ရှင်ရုံထဲ ပစ်ခတ်မှု နှစ်ဦးသေဆုံး


ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အမေရိကန် ပြည်ထောင်စု Louisiana ပြည်နယ်က ရုပ်ရှင်ရုံ။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အမေရိကန် ပြည်ထောင်စု Louisiana ပြည်နယ်က ရုပ်ရှင်ရုံ။

အမေရိကန် ပြည်ထောင်စု Louisiana ပြည်နယ်က ရုပ်ရှင်ရုံတရုံမှာ လူ ၂ ယောက်သေဆုံးခဲ့တဲ့ မနေ့နှောင်းပိုင်းတုန်းက ပစ်ခတ်မှုမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ သေနတ်သမား ဘယ်သူဆိုတာကို ရဲကထုတ်ဖော် ပြောဆိုလိုက် ပါတယ်။ အသက် ၅၉ နှစ်အရွယ် John Russel Houser ဆိုသူနဲ့ ပတ်သက်လို့ သတင်းအချက်အလက်တွေ ထပ်ရဖို့ ကြိုးပမ်းနေတယ်လို့လည်း Lafayette မြို့က တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။

သေနတ်သမားအဖြစ် သံသယရှိသူဟာ အတည်တကျ နေထိုင်သူ မဟုတ်ဘူးလို့လည်း Lafayette မြို့က ရဲမှူး Jim Craft ကပြောပါတယ်။ Trainwreck ဇာတ်ကား ပြသနေတဲ့ ရုပ်ရှင်ရုံထဲမှာ ပရိတ်သတ် ၁၀၀ လောက်ကြား က ပြောင်းတိုသေနတ် တလက်နဲ့ သေနတ်သမားက ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်ပြီး၊ ထွက်ပြေးဖို့ ရည်ရွယ်ထားပုံရပေမဲ့ လုံခြုံရေးအာဏာပိုင်တွေရဲ့ တုံ့ပြန်မှုမြန်ဆန်တာကြောင့် ရုပ်ရှင်ရုံထဲ ပြန်ဝင်ပြေးသွားပြီး၊ နောက်ဆုံး သူ့ဖာသာ အဆုံးစီရင်သွားတာလို့လည်း ရဲမှူးကပြောပါတယ်။ ပစ်ခတ်မှုကျုးလွန်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့တော့ မသိရပါဘူး။

ပစ်ခတ်မှု ဖြစ်ပွားမှုနဲ့ပတ်သက်ပြီး သမ္မတရဲ့ ပြည်တွင်း လုံခြုံရေးဆိုင်ရာ အကြံပေး Lisa Monaco က Air Force One လေယာဉ်နဲ့ ခရီးသွားနေတဲ့ သမ္မတ အိုဘားမားထံကို တင်ပြပြီး ဖြစ်ပါတယ်။ ပစ်ခတ်မှုမှာ ဒဏ်ရာရခဲ့သူတို့ရဲ့ အခြေအနေတွေနဲ့ အမှု စုံစမ်းစစ်ဆေးမှုတွေကို မပြတ် အစီရင်ခံဖို့ သမ္မတက ညွှန်ကြားထားတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရ Josh Earnest ကလည်း ပြောပါတယ်။

သမ္မတ အိုဘားမားနဲ့ သမ္မတ ကတော်တို့ အပါအဝင် အိမ်ဖြူတော် ဝန်ထမ်း အားလုံးကလည်း Louisiana ပြည်နယ် Lafayette မြို့ခံတို့နဲ့ အတူ အထူးသဖြင့် သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲရ ပါတယ်လို့လည်း အိမ်ဖြူတော် ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG