သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးသံရုံးအနီး ပစ်ခတ်သူ သေနတ်သမား ဂျော်ဒန်ရဲတပ်ဖွဲ့ အသေဖမ်းဆီး


ဂျော်ဒန်နိုင်ငံ Amman မြို့တော်က အစ္စရေးသံရုံးအနီး (REUTERS/ Stringer)
ဂျော်ဒန်နိုင်ငံ Amman မြို့တော်က အစ္စရေးသံရုံးအနီး (REUTERS/ Stringer)

ဂျော်ဒန်နိုင်ငံ Amman မြို့တော်က လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတဲ့ အစ္စရေးသံရုံးအနီး ဒီကနေ့ အစောပိုင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ သေနတ်သမားတဦး သေဆုံးပြီး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံပိုင်မီဒီယာက ပြောလိုက်ပါတယ်။

လူဂုဏ်တန်ရပ်ကွက် Rabiah မှာ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ကို ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို အများပြည်သူ လုံခြုံရေးအတွက် ပစ်ခတ်ခဲ့ကြောင်းနဲ့ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း နိုင်ငံပိုင် Petra သတင်းဌာနက ဖော်ပြခဲ့တာပါ။ မောင်းပြန်သေနတ်နဲ့ သေနတ်သမားကို ၁ နာရီလောက် ခြေရာခံလိုက်ခဲ့ပြီး အရုဏ်မတက်ခင် အချိန်လောက်မှာ ဝိုင်းမိပြီး အသေမိခဲ့ကြောင်းလည်း သတင်းက ဖော်ပြပါတယ်။

အများပြည်သူလုံခြုံရေး တာဝန်ယူနေသူတွေကို ပစ်ခတ်တာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ဂျော်ဒန် ဆက်သွယ်ရေးဝန်ကြီး Mohamed Momani ကပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်သူတွေ ပြင်းပြင်းထန်ထန် တုံ့ပြန်မှာ ဖြစ်ကြောင်းလည်း ဆက်သွယ်ရေးဝန်ကြီးက Reuters သတင်းဌာနကို ပြောခဲ့သလို၊ သေနတ်သမားဟာ မူးယစ်ဆေးဝါး မှောင်ခိုမှု ရာဇဝတ်နောက်ကြောင်း ရှိသူတဦးဖြစ်ကြောင်းလည်း ပြောပါတယ်။

Forum

XS
SM
MD
LG