သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Bamako ဟိုတယ် တိုက်ခိုက်မှု သံသယရှိသူ ၂ ဦး Mali ဖမ်းဆီး


မာလီလုံခြုံရေးတပ်ဖွဲ့ဝင်များ (နိုဝင်ဘာ ၂၁၊ ၂၀၁၅)
မာလီလုံခြုံရေးတပ်ဖွဲ့ဝင်များ (နိုဝင်ဘာ ၂၁၊ ၂၀၁၅)

အာဖရိကတိုက် မာလီနိုင်ငံ အထူးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ အပတ်အတွင်း လူ ၁၀ ဦးသေဆုံးခဲ့ရတဲ့ ဘာမာကို ဟိုတယ်ကို ဝင်ရောက် စီးနှင်းခဲ့မှုနဲ့ ပတ်သက်ပြီး လူနှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ သူတို့နှစ်ဦးကို ဘာမာကို မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး စုံစမ်းစစ်ဆေးပြီးတဲ့အခါ ဘာရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တယ် ဆိုတာကို ပိုမို သိရှိလာရလိမ့်မယ်လို့ စစ်တပ်က ထုတ်ပြန်တဲ့ ကြေညာချက် တစ်စောင်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီလူ နှစ်ဦးဟာ တိုက်ခိုက်မှုနဲ့ ဘယ်လို ဆက်စပ်နေတယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြထားခြင်းမရှိပါဘူး။ နိုဝင်ဘာလ ၂၀ ရက်နေ့က Radisson Blu ဟိုတယ် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အာဖရိက စစ်သွေးကြွ အဖွဲ့နှစ်ခုဖြစ်တဲ့ အယ်လ်ကာယီးဒါးနဲ့ အယ်လ်မိုရာဘီတွန် အဖွဲ့တို့က သူတို့ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ကြပါတယ်။

သေနတ်သမား နှစ်ယောက်တို့ဟာ မောင်းပြန် ရိုင်ဖယ် သေနတ်တွေနဲ့ ဗုံးတွေကို အသုံးပြုပြီး မနက်အစောပိုင်းမှာ ဟိုတယ်ရဲ့ ဧည့်ကြိုခန်းကို တိုက်ခိုက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ရပါတယ်။ Radisson Blu ဟိုတယ်ဟာ မာလီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လက်ခံကျင်းပဖို့အတွက် နိုင်ငံခြားသားတွေ ကိုယ်စားလှယ် အဖွဲ့တွေ အများအပြားရောက်ရှိနေတဲ့အချိန်ဖြစ်ပါတယ်။ သေနတ်သမားတွေဟာ ဟိုတယ် ဝင်းထဲကို သံရုံးနံပါတ်ပြား တပ်ထားတဲ့ ကားနဲ့ ဝင်ရောက်ခဲ့ တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

XS
SM
MD
LG