သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ရိုဘီမြို့ ကုန်တိုက် တိုက်ခိုက်မှု လူ ၂၀ သေဆုံး


ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်က သေနတ်သမားတွေ စီးနင်းထားတဲ့ Westgate ကုန်တိုက်အတွင်းက ပိတ်မိနေတဲ့ ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲအရာရှိတစ်ဦး။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်က သေနတ်သမားတွေ စီးနင်းထားတဲ့ Westgate ကုန်တိုက်အတွင်းက ပိတ်မိနေတဲ့ ဈေးဝယ်သူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ရဲအရာရှိတစ်ဦး။ (စက်တင်ဘာ ၂၁၊ ၂၀၁၃။)
ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ထဲက ဇိမ်ခံပစ္စည်းတွေရောင်းတဲ့ ကုန်တိုက်ကြီး တစ်ခုထဲမှာ သေနတ်သမားတွေရဲ့ပစ်ခတ်မှုကြောင့် လူ ၂၀ ထက်မနည်း သေဆုံးပြီးတော့ လေး-ငါး- ၆၀ လောက် ဒဏ်ရာ ရသွားတယ်လို့ ကင်ညာ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

Westgate ကုန်တိုက်မှာ သေနတ်သမားတွေက သေနတ်တွေ၊ လက်ပစ်ဗုံးတွေ နဲ့ စနေနေ့အစောပိုင်းတုန်းက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကလေးငယ်တွေအပါအဝင် တော်တော်များများလည်း ဒဏ်ရာ ရသွားပါတယ်။ ကုန်တိုက်ထဲမှာ ဆက်ပြီးတော့ ပိတ်မိနေတဲ့သူတွေကို ကယ်တင်နိုင်ဖို့အတွက် လုံခြုံရေးတပ်ဖွဲ့ ရာနဲ့ချီနဲ့ သေနတ်သမားတွေကြားမှာလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေပါတယ်။

ကုန်တိုက်အပေါ် ပစ်မှတ်ထား တိုက်ခိုက်ပုံရတဲ့ ဒီပစ်ခတ် တိုက်ခိုက် မှုတွေကြောင့် ထိတ်လန့်နေကြတဲ့ ဈေးဝယ်အတော်များများ ထွက်ပြေး ခဲ့ကြပါတယ်။ ကုန်တိုက်ထဲကနေ မီးခိုးတွေကိုလည်း ဝင်ပေါက် ထွက်ပေါက်တွေ ကနေတဆင့် မြင်နေရပါတယ်။ ကုန်တိုက်ပတ်လည်ကိုလည်း ရဲတွေက ဝိုင်းထားဆဲ ဖြစ်ပါတယ်။

“ကုန်တိုက်ကို ဓမြတိုက်ဖို့ မအောင်မြင်တဲ့ကြိုးစားမှု” လို့ အစပိုင်းမှာ ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်နိုင်တယ်လို့ သတင်း မီဒီယာတွေက သတင်းတွေ ထုတ်ပြန်နေပါတယ်။ Westgate ကုန်တိုက်ဟာ ကင်ညာနိုင်ငံက ကြွယ်ဝချမ်းသာတဲ့ ကင်ညာလူမျိုးတွေနဲ့ နိုင်ငံခြားသားတွေ အသွားများတဲ့ ကုန်တိုက်ဖြစ်ပါတယ်။
XS
SM
MD
LG