သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ဖြေရှင်းဖို့ လုံခြုံရေးကောင်စီပျက်ကွက် (ကုလအတွင်းရေးမှူးချုပ်)


U.N. Secretary-General Antonio Guterres speaks during a U.N. Security Council meeting addressing the humanitarian crisis in the midst of conflict between Israel and Hamas, at U.N. headquarters, Dec. 8, 2023.
U.N. Secretary-General Antonio Guterres speaks during a U.N. Security Council meeting addressing the humanitarian crisis in the midst of conflict between Israel and Hamas, at U.N. headquarters, Dec. 8, 2023.

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုကြောင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာ ပြဿနာတွေကို မဖြေရှင်းနိုင်ပဲ ဖြစ်နေရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။ နိုင်ငံတကာ အငြင်းပွားမှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရမယ့် လုံခြုံရေးကောင်စီဟာ ပထဝီဝင်ဆိုင်ရာ မဟာဗျုဟာအရ သဘောထား ကွဲပြားမှုတွေကြောင့် မလုပ်နိုင်မကိုင်နိုင် ဖြစ်နေရတယ်လို့ ပြောလိုက်တာပါ။

“ဒီအချက်ကြောင့် ယူကရိန်းအရေးကအစ မြန်မာနဲ့ အရှေ့အလယ်ပိုင်းအဆုံး အဖြေရှာနိုင်ဖို့ အဟန့်အတားတွေ ကြုံနေရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က ကာတာနိုင်ငံ၊ ဒိုဟာမြို့က ဒီကနေ့ ဆွေးနွေးပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် နောက်ဆက်တွဲ နိုင်ငံရေးပြဿနာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ပေါ်ပေါက်နေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလကစ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အင်အားစုတွေရဲ့ စစ်ကောင်စီအပေါ် တိုက်ခိုက်မှုတွေကြောင့် နိုင်ငံအနှံ့ တိုက်ပွဲတွေ ပြန်လည် ပေါ်ပေါက်နေပြီး နောက်ထပ် လူပေါင်းသန်းဝက်လောက် နေရပ်စွန့်ခွာခဲ့ကြရတယ်လို့လည်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG