သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Guterres ကို ကုလညွှန်ချုပ်အဖြစ် လုံခြုံရေးကောင်စီ အတည်ပြု


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ်အဖြစ် ပေါ်တူဂီ ဝန်ကြီးချုပ်ဟောင်း Antonio Guterres ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တရားဝင် ရွေးချယ်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မဲပေးရွေးချယ်ရာမှာ - ဝါရင့်နိုင်ငံရေးသမားလည်းဖြစ်၊ သံတမန်လည်း ဖြစ်တဲ့ မစ္စတာ ဂူတားရတ်စ် က ထောက်ခံမဲ ၁၃ မဲ၊ ကန့်ကွက်သူမရှိ၊ ကြားနေမဲ ၂ မဲနဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာတော့ လုံခြုံရေးကောင်စီက မစ္စတာ ဂုတားရတ်စ်ကို တရားဝင် မဲပေးရွေးချယ် အတည်ပြုခဲ့ပြီး - အတည်ပြုချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြခဲ့ပြီး၊ နောက်သီတင်းပတ်ထဲမှာ အထွေထွေညီလာခံက တရားဝင် ထပ်မံကြေညာပေးမှာ ဖြစ်ပါတယ်။

မစ္စတာ Guterres ကတော့ မဲပေးရွေးချယ်တဲ့ နယူးယောက်မြို့မှာ ရှိမနေပေမဲ့ - ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့ကနေ - သူ့ကို ရွေးချယ်မှုအပေါ် အထူးပဲ ကျေးဇူးတင်စကား ပြောကြားရင်းနဲ့ ဒီကနေ့ ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်ဝါဒနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေလို ပြဿနာတွေကို ဖြေရှင်းဖို့ လိုအပ်နေတာကိုလည်း အသိအမှတ်ပြု ပြောကြားခဲ့တာပါ။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power ရဲ့ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းခဲ့ဖူးတဲ့ မစ္စတာ ဂုတားရတ်စ် ရဲ့ ကြီးမားတဲ့ အတွေ့အကြုံတွေ၊ လိုအပ်တဲ့သူတွေကို အကူအညီပေးလိုတဲ့ စိတ်ဆန္ဒရှိတာတွေ၊ ကမ္ဘာတဝှမ်းက လေးစားမှုရရှိထားတာတွေကြောင့်၊ မရေရာမှုတွေ ကြုံနေရတဲ့ အချိန်မျိုးမှာ ကုလသမဂ္ဂကို ကြီးကြပ်ဖို့ ဒီလိုပုဂ္ဂိုလ်မျိုးကို ရွေးချယ်ခဲ့တဲ့အပေါ် အမေရိကန် ပြည်ထောင်စုအနေနဲ့ စိတ်ချယုံကြည်မှုရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Guterres ကို ကုလညွှန်ချုပ်အဖြစ် လုံခြုံရေးကောင်စီ အတည်ပြု
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG