အမေရိကန် ဂျွမ်းဘားအဖွဲ့ချုပ်ရဲ့ဆရာဝန် Larry Nassar ဟာ နှစ်ပေါင်းများစွာအတွင်း မိန်းကလေး ၁၆၁ ဦးအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့မှုတွေအတွက် ဇန်နဝါရီလ ၂၄ ရက်နေ့က Michigan တရားရုံးကနေ ထောင်ဒစ် ၁၇၅ နှစ် စီရင်လိုက်ပါတယ်။
အခုလို နှစ်ပေါင်းများစွာ ပြစ်မှုတွေ ကျူးလွန်ခဲ့တဲ့အပေါ် တာဝန်ရှိသူတွေက အရေးမယူခဲ့တဲ့အတွက် ဝေဖန်သံတွေထွက်လာပြီး တာဝန်ရှိသူတချို့လည်း ရာထူးက နုတ်ထွက်သွားကြပါတယ်။
အကြောင်းစုံကို ဒီသီတင်းပတ်ရဲ့အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။