သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟေတီဝမ်းရောဂါ ဆက်လက် ပျံ့နှံ့

ဟေတီဝမ်းရောဂါ ဆက်လက် ပျံ့နှံ့
ဟေတီဝမ်းရောဂါ ဆက်လက် ပျံ့နှံ့

ဟေတီနိုင်ငံမှာ ကာလဝမ်းရောဂါ ဆက်လက် ပြန့်ပွားနေဆဲဖြစ်ပြီး ရောဂါကူးစက်သူ ၄,၁၀၀ ကျော်နဲ့ သေဆုံးသူ ၂၉၂ ယောက်အထိ ရှိနေပြီ ဖြစ်တဲ့အကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံရဲ့ မြောက်ပိုင်းနဲ့ အလယ်ပိုင်း ဒေသတွေမှာ ရောဂါ ပြန့်ပွားနေဆဲ ဖြစ်တယ်လို့ Pan America ကျန်းမာရေးအဖွဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဂျွန် အန်းဒရပ်စ် (John Andrus) က ဗုဒ္ဓဟူးနေ့ကပဲ ဝါရှင်တန်မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ရောဂါပြန့်ပွားမှုကို တားဆီးဖို့နဲ့ ကူးစက်ခံထားရသူတွေကို ကုသဖို့ ဟေတီ ကျန်းမာရေး ဝန်ကြီးဌာနက Pan America ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

အစီအစဉ်တွေထဲမှာတော့ ကာလဝမ်းရောဂါ ဖြစ်ပွားမှုတွေရဲ့ ၈၀% လောက်ကို တားဆီး ကုသနိုင်တဲ့အထိ ထိရောက်မှု ရှိခဲ့တဲ့ အလွယ်တကူ ကုထုံးတခုအဖြစ် ဓာတ်ဆားရေတွေ ဝေငှဖို့လည်း ပါဝင်တယ်လို့ လက်ထောက် ညွှန်ကြားရေးမှူး အန်းဒရပ်စ်က ပြောခဲ့တာပါ။

လူသူမနီးတဲ့ အရပ်တွေမှာ ဖြစ်ပွားတဲ့ လူနာတွေရဲ့ အခြေအနေတွေကို အကြောင်းကြား အစီရင်ခံမှုတွေ အားနည်းတဲ့အတွက် ရောဂါဖြစ်ပွားမှု ဘယ်အချိန်မှာ အမြင့်ဆုံးအဆင့် ရောက်တယ်ဆိုတာကို တွက်ဆဖို့ ခက်ခဲနေတယ်လို့လည်း သူက ပြောပါတယ်။

This item is part of
XS
SM
MD
LG