သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနေပြန် ဟေတီ အာဏာရှင်ဟောင်း ဖမ်းဆီးဖို့ လူ့အခွင့်အရေး အဖွဲ့တွေ တောင်းဆို

ဟေတီသို့ ပြန်လည်ရောက်ရှိလာသည့် အာဏာရှင်ဟောင်း Jean Claude Duvalier နှင့် ဇနီး။ ဇန်နဝါရီ ၁၆၊ ၂၀၁၁။
ဟေတီသို့ ပြန်လည်ရောက်ရှိလာသည့် အာဏာရှင်ဟောင်း Jean Claude Duvalier နှင့် ဇနီး။ ဇန်နဝါရီ ၁၆၊ ၂၀၁၁။

မမျှော်လင့်ဘဲ နိုင်ငံကို ပြန်ရောက်လာတဲ့ အရင် ဟေတီ အာဏာရှင်ဟောင်း Jean Claude Duvalier ကို စွဲချက်တင် စစ်ဆေးဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

ပြည်ပြေးဘ၀ ပြင်သစ်ကနေ ပြန်ရောက်လာချိန် မြို့တော် ပိုတော့ပရင့်စ်မှာတော့ Duvalier ကို ထောက်ခံသူတွေဟာ တနင်္ဂနွေနေ့မှာ သူ့ကို ကြိုဆိုခဲ့ကြပါတယ်။

Duvalier ဟာ သူ့ဖခင် သေဆုံးအပြီး အသက် ၁၉ နှစ်အရွယ် ၁၉၇၁ ခုနှစ် ဟေတီမှာ အာဏာယူခဲ့တာပါ။ သူဖခင်ကတော့ ၁၉၅၇ ခုနှစ်မှာ အာဏာယူခဲ့ပါတယ်။

အင်္ဂါနေ့လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲမှာတော့ သူ ဘာကြောင့် ပြန်လာသလဲ ဆိုတာကို ပြောဆိုသွားမယ်လို့ သူ့ရဲ့ ပြောခွင့်ရသူက သတင်းထောက်တွေကို ပြောပါတယ်။

ဒါပေမဲ့ သူ့လက်ထက်မှာဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အထူးသဖြင့် ထောင်နဲ့ချီ ပြည်သူတွေကို ညှဉ်းပန်းသတ်ဖြတ်မှုအတွက် Duvalier ကို ဖမ်းဆီး အရေးယူသင့်တယ်လို့ Human Right Watch လူ့အခွင့်အရေး စောင့်ကြည့်မှု အဖွဲ့က တနင်္လာနေ့က ကြေညာချက်ထုတ်ပါတယ်။

သူဟာ အများပြည်သူ ငွေကြေး ဒေါ်လာ သန်းပေါင်းများစွာကို ခိုးယူ အလွဲသုံးစား လုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံထားရပါတယ်။

This item is part of
XS
SM
MD
LG