သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ဖုန်းမုန်တိုင်းကြီး Haiyan ဖိလစ်ပိုင် ဝင်မွှေ


ဖိလစ်ပိုင် တိုက်ဖုန်းမုန်တိုင်း Haiyan
ဖိလစ်ပိုင် တိုက်ဖုန်းမုန်တိုင်း Haiyan
ကမ္ဘာ့အင်အားအပြင်းထန်ဆုံး မုန်တိုင်းတွေထဲက တခုဖြစ်တဲ့ မုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်နေပြီး အဲ့ဒီ့မုန်တိုင်းကြောင့် မြေပြိုမှုတွေ၊ အဆောက်အဦးတွေ ပျက်ဆီးတာတွေဖြစ်နေပြီးတော့ အနည်းဆုံး လူသုံးယောက် သေဆုံးသွားပြီးလည်းဖြစ်ပါတယ်။ Haiyan အမည်ရှိ တိုက်ဖုန်းမုန်တိုင်းကြောင့် နိုင်ငံတဝှမ်း နေရာအများစုမှာ ဆက်သွယ်ရေးတွေ၊ လျှပ်စစ်ဓာတ်အားပေးလိုင်းတွေ ပြတ်တောက်နေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ Yolanda လို့ သိကြတဲ့ အဲ့ဒီ့မုန်တိုင်းဟာ တစ်နာရီကို မိုင် ၁၉၀ကျော်နှုန်းနဲ့ တိုက်ခတ်နေတာဖြစ်ပါတယ်။ မိုးလေဝသ လေ့လာသူတော်တော် များများကတော့ အဲ့ဒီ့မုန်တိုင်းဟာ တိုက်ခတ်ခဲ့သမျ မုန်တိုင်းတွေထဲမှာ အပြင်းထန်ဆုံးဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

လောလောဆယ်မှာတော့ လူသုံးယောက် သေဆုံးပြီး ခုနှစ်ယောက် ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ခရိုင်ပေါင်း ၂၉ခရိုင်အတွင်း က လူပေါင်းနှစ်သိန်းလောက်ကို အာဏာပိုင်တွေက လုံခြုံစိတ်ချရတဲ့ နေရာ ဆီကို ပြောင်းရွှေ့ထားပြီဖြစ်တယ်လို့ ပြောကြပါတယ်။ လူအသေအပျောက်နှုံး လည်း တက်လာနိုင်တယ်လို့ဆိုပါတယ်။
XS
SM
MD
LG