သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Haiyan တိုက်ဖုန်း မုန်တိုင်းကြီး ဖိလစ်ပိုင် အလယ်ပိုင်း တာစူ


Paper lanterns are released as a part of Christmas festivities in Zagreb, Croatia, Dec. 22, 2014.
Paper lanterns are released as a part of Christmas festivities in Zagreb, Croatia, Dec. 22, 2014.
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းဒေသကို အားပြင်း တိုင်ဖုန်းမုန်တိုင်း ဟိုင်ယန် Haiyan ဝင်ရောက်လာတော့မှာမို့ မုန်တိုင်းလာရာ လမ်းကြောင်း တလျှောက်က ထောင်သောင်းချီတဲ့ ဒေသခံတွေဟာ အာဏာပိုင်တွေရဲ့ သတိပေးချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။

သောကြာနေ့မှာ အားပြင်းပြင်းနဲ့ ဝင်ရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဟိုင်ယန် မုန်တိုင်းရဲ့ အရှိန်ကြောင့် အခုကတည်းက ဒေသတွင်းမှာ လေပြင်းအားဟာ တနာရီ ၁၅၅ မိုင်နှုံးလောက်အထိ ရှိနေပြီဖြစ်ပါတယ်။

ဒေသခံတချို့ကတော့ နိုဝင်ဘာ- ဒီဇင်ဘာ လတွေရောက်တိုင်း ဖိလစ်ပိုင်မှာ အားပြင်းတိုင်ဖုန်းမုန်တိုင်းအန္တရာယ်နဲ့ ကြုံနေကြမို့ အခုလို အားပြင်းမုန်တိုင်း တိုက်ခတ်မှာကို မျှော်လင့်ပြီးသားဖြစ်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဒီမုန်တိုင်းဖြတ်ကျော်ချိန်မှာ လေတိုက်ခတ်နှုံး ပြင်းထန်ပြီး မိုးသည်းထန်မယ်လို့ မိုးလေဝဿပညာရှင်တွေက ခန့်မှန်းထားပါတယ်။

မုန်တိုင်းဖြတ်သွားမယ့် နေရာတွေထဲမှာ ပြီးခဲ့တဲ့လက ပြင်းအား ၇.၂ ရှိတဲ့ ငလျင်ဒဏ်ခံရပြီး အခုထိနလံမထူနိုင်သေးတဲ့ ဒေသတွေလည်း ပါပါတယ်။
အာဏာပိုင်တွေက ရေကြောင်းပို့ဆောင်ရေး ကူးတို့သင်္ဘောတွေကို ရပ်နားထားပြီး ငါးဖမ်းသင်္ဘောတွေကိုလည်း မထွက်ကြဖို့ သတိပေးထားပါတယ်။ အရေးပေါ်အကူညီတွေ ပေးပို့နိုင်ဖို့အတွက် ဖိလစ်ပိုင်စစ်တပ်တွေကိုလည်း အသင့်ပြင်ထားပါတယ်။

တိုင်ဖုန်းဟိုင်ယန်ဟာ မနှစ်က အသေအပျောက်များခဲ့တဲ့ Bopha မုန်တိုင်းထက် ပိုပြီးဆိုးဝါးနိုင်တယ်လို့ ဖိလစ်ပိုင်မိုးလေဝဿပညာရှင်တွေက သတိပေးထားပါတယ်။ ဒီမုန်တိုင်းဟာ ဖိလစ်ပိုင်နိုင်ငံကို ကျော်ဖြတ်ပြီး ဗီယက်နမ်နိုင်ငံဘက် ဝင်ရောက်နိုင်ဖွယ်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။
XS
SM
MD
LG