သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဟားခါးၿမိဳ႕အနီး ျပင္းအား ၆.၁ ရွိ ငလ်င္လႈပ္


ဟားခါးမွာ ႏိုဝင္ဘာ ၂၆ ရက္မနက္ေစာမွာ ငလ်င္လႈပ္သြားတဲ့ေနရာျပေျမပံု။ (ဓာတ္ပံု USGS)

{{Zawgyi/Unicode}}

အိႏၵိယနယ္စပ္အနီး ဟားခါးၿမိဳ႕နားမွာ ၆.၁ ျပင္းအားရွိတဲ့ ငလ်င္တရပ္ ေသာၾကာေန႔က လႈပ္သြားခဲ့တယ္လို႔ အေမရိကန္ ဘူမိေဗဒ တိုင္းတာေရးဌာနက ဆိုပါတယ္။ ဒီငလ်င္ေၾကာင့္ ဟားခါးမွာ အပ်က္အစီးနည္းနည္းရွိခဲ့တယ္လို႔ ဟားခါးေဒသခံတဦးက ဗီြအုိေအကိုေျပာပါတယ္။

“ဟားခါးနားမွာ လံုကြ်ဲရြာဆိုတာရွိတယ္။ အဲ့လံုကြ်ဲရြာ ဘုရားေက်ာင္းအမိုးေတြ နည္းနည္းကြာက်တာရွိတယ္။ အဲ့ဘုရားေက်ာင္းပဲ အပ်က္အစီးက။ ေတာ္ေတာ့္ကိုလႈပ္တယ္။ ဒီဟားခါးမွာ က်ေနာ္သိသေလာက္ေတာ့ ေတာ္ေတာ္အျပင္းဆံုးလို႔ပဲ ထင္တာေပါ့ေနာ္။ မႏွစ္က မတ္လေလာက္မွာ တႀကိမ္လႈပ္တယ္။ အဲ့ဒါက တအားျပင္းတယ္လို႔ထင္တာ ဒီမနက္ပိုၿပီးေတာ့ျပင္းတယ္။ က်ေနာ္တို႔ ဟားခါးမွာက သဘာဝ ေဘးအႏၱရာယ္က မရွိသေလာက္ဆိုေတာ့ေလ ေတာ္ေတာ္ေလးကို ေၾကာက္ၾကတယ္။ ဒီလိုငလ်င္လႈပ္တာ သိပ္မႀကံဳဖူးၾကေတာ့ ခ်င္းျပည္နယ္မွာေပါ့ေနာ္ က်ေနာ္တုိ႔ဟားခါးမွာေပါ့ေနာ္။ တခါတေလ မသိမသာေလး လႈပ္တာေတာ့ရွိတာေပါ့ေနာ္။ ဒီလိုမ်ိဳးလႈပ္တာေတာ့ တခါမွ မႀကံဳၾကေတာ့ ေတာ္ေတာ့္ကိုစိုးရိမ္ၾကတယ္။ ေျပာခ်င္တာက ေတာ္ေတာ္စိုးရိမ္ၾကတယ္။ အထူးသျဖင့္ အသက္ႀကီးပိုင္းေတြ ေတာ္ေတာ္ေလးကို စိုးရိမ္ၾကတယ္။”

ဒီငလ်င္ဟာ ေျမေအာက္ ၁၂ ကီလိုမီတာအနက္မွာ လႈပ္ခတ္ခဲ့တာ ျဖစ္တယ္လို႔ အိႏၵိယ ငလ်င္ေလ့လာေရးဌာနက ေျပာပါတယ္။

အိႏၵိယႏိုင္ငံ Kolkata နဲ႔ ဘဂၤလားေဒ့ရွ္၊ စစ္တေကာင္းၿမိဳ႕ေတြအထိ ငလ်င္ရိုက္ခတ္မႈကို ခံစားခဲ့ၾကရတယ္လို႔ မ်က္ျမင္သက္ေသေတြကို ကိုးကားၿပီး ဥေရာပနဲ႔ အေရွ႕အလယ္ပိုင္း ငလ်င္ေလ့လာေရးဌာ ရဲ႕ အင္တာနက္စာမ်က္ႏွာေတြမွာ ေဖာ္ျပထားၾကပါတယ္။

ခ်င္းျပည္နယ္မွာ အရင္က ငလ်င္လႈပ္ခဲ့တာေတြမွာ ေတာင္ၿပိဳတာေတြ ရွိခဲ့ေပမဲ့ အခုတႀကိမ္ ငလ်င္မွာေတာ့ လူဦးေရနည္းပါးတဲ့ေနရာမွာ ျဖစ္ခဲ့တာမို႔ အႏၲရာယ္နည္းခဲ့တယ္လို႔ ေအပီသတင္းတပုဒ္မွာ ေရးထားပါတယ္။

ဟားခါးၿမိဳ႕အနီး ျပင္းအား ၆.၁ ရွိ ငလ်င္လႈပ္
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

=======

{{Unicode}}

ဟားခါးမြို့အနီး ပြင်းအား ၆.၁ ရှိ ငလျင်လှုပ်

အိန္ဒိယနယ်စပ်အနီး၊ ဟားခါးမြို့နားမှာ ၆.၁ ပြင်းအားရှိတဲ့ ငလျင်တရပ် သောကြာနေ့က လှုပ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဆိုပါတယ်။ ဒီငလျင်ကြောင့် ဟားခါးမှာ အပျက်အစီးနည်းနည်းရှိခဲ့တယ်လို့ ဟားခါးဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ဟားခါးနားမှာ လုံကျွဲရွာဆိုတာရှိတယ်။ အဲ့လုံကျွဲရွာ ဘုရားကျောင်းအမိုးတွေ နည်းနည်းကွာကျတာရှိတယ်။ အဲ့ဘုရားကျောင်းပဲ အပျက်အစီးက။ တော်တော့်ကိုလှုပ်တယ်။ ဒီဟားခါးမှာ ကျနော်သိသလောက်တော့ တော်တော်အပြင်းဆုံးလို့ပဲ ထင်တာပေါ့နော်။ မနှစ်က မတ်လလောက်မှာ တကြိမ်လှုပ်တယ်။ အဲ့ဒါက တအားပြင်းတယ်လို့ထင်တာ ဒီမနက်ပိုပြီးတော့ပြင်းတယ်။ ကျနော်တို့ ဟားခါးမှာက သဘာဝ ဘေးအန္တရာယ်က မရှိသလောက်ဆိုတော့လေ တော်တော်လေးကို ကြောက်ကြတယ်။ ဒီလိုငလျင်လှုပ်တာ သိပ်မကြုံဖူးကြတော့ ချင်းပြည်နယ်မှာပေါ့နော် ကျနော်တို့ဟားခါးမှာပေါ့နော်။ တခါတလေ မသိမသာလေး လှုပ်တာတော့ရှိတာပေါ့နော်။ ဒီလိုမျိုးလှုပ်တာတော့ တခါမှ မကြုံကြတော့ တော်တော့်ကိုစိုးရိမ်ကြတယ်။ ပြောချင်တာက တော်တော်စိုးရိမ်ကြတယ်။ အထူးသဖြင့် အသက်ကြီးပိုင်းတွေ တော်တော်လေးကို စိုးရိမ်ကြတယ်။”

ဒီငလျင်ဟာ မြေအောက် ၁၂ ကီလိုမီတာအနက်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယ ငလျင်လေ့လာရေးဌာနက ပြောပါတယ်။

အိန္ဒိယနိုင်ငံ Kolkata နဲ့ ဘင်္ဂလားဒေ့ရှ်၊ စစ်တကောင်းမြို့တွေအထိ ငလျင်ရိုက်ခတ်မှုကို ခံစားခဲ့ကြရတယ်လို့ မျက်မြင်သက်သေတွေကို ကိုးကားပြီး ဥရောပနဲ့ အရှေ့အလယ်ပိုင်း ငလျင်လေ့လာရေးဌာ ရဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားကြပါတယ်။

ချင်းပြည်နယ်မှာ အရင်က ငလျင်လှုပ်ခဲ့တာတွေမှာ တောင်ပြိုတာတွေ ရှိခဲ့ပေမဲ့ အခုတကြိမ် ငလျင်မှာတော့ လူဦးရေနည်းပါးတဲ့နေရာမှာ ဖြစ်ခဲ့တာမို့ အန္တရာယ်နည်းခဲ့တယ်လို့ အေပီသတင်းတပုဒ်မှာ ရေးထားပါတယ်။

#MyanmarEarthquake #voaburmese #မြေငလျင် #ဟားခါး #ဗွီအိုအေမြန်မာပိုင်း

========

XS
SM
MD
LG