သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားလုပ် ဟာလာချောကလက်


မလေးရှား ပုံတူ ချောကလက်။
မလေးရှား ပုံတူ ချောကလက်။

မလေးရှားနိုင်ငံမှာ ဟာလာချော့ကလက်လုပ်ငန်း တိုးတက်အောင်မြင်နေပါတယ်။ အိမ်နီးချင်းအင်ဒိုနီးရှားနိုင်ငံက စိုက်ပျိုးတဲ့ ကိုကိုးစေ့တွေကနေ မွတ်ဆလင်တွေ စားလို့ရတဲ့ ချော့ကလက်နဲ့ ကိုကိုးထွက်အစားအသောက်တွေကို မလေးရှားမှာ ထုတ်လုပ်နေတာပါ။

မလေးရှားဟာ အာရှတိုက်မှာ ကိုကိုးစေ့တွေကို ဒုတိယအများဆုံး ကြိတ်ခွဲထုတ်လုပ်နေတဲ့နိုင်ငံ စာရင်းဝင်နေပါတယ်။ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ သူတို့အစားအသောက်တွေထဲမှာ အရက်နဲ့ တိရိစ္ဆာန်ထွက်ကုန်တွေ မပါရပါဘူး။ ဒါကြောင့် မလေးရှားက ဟာလာချော့ကလက်တွေကို ထုတ်လုပ်ရောင်းချခဲ့တာပါ။

မွတ်ဆလင်အများစုနေထိုင်တဲ့ အာရှအလယ်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းဒေသဟာ မလေးရှား ဟာလာချော့ကလက်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ အခွင့်အလမ်းကြီးဖြစ်တယ်လို့ မလေးရှားကိုကာဘုတ်အဖွဲ့ကပြောပါတယ်။

မလေးရှားနိုင်ငံမှာ ချော့ကလက်နဲ့ အချိုမုန့်လုပ်ငန်း ၅၁ ခု၊ ဒေသခံချော့ကလက်ထုတ်လုပ်သူ ၁၉၄ ယောက်ရှိပြီး တနှစ်ကိုမလေးရှားရင်းဂစ် 1 ဘီလျံကျော်ဖိုး ရောင်းချရတယ်လို့ ကိုကာဘုတ်အဖွ့ဲက ပြောပါတယ်။

မလေးရှားလုပ် ဟာလာချောကလက်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG