သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူလျှိုု စွပ်စွဲပြီး ပါလက်စတိုင်း ၁၈ ဦးကို ဟားမတ် သတ်ဖြတ်


သူလျှိုအဖြစ် စွပ်စွဲခံရတဲ့ ပါလက်စတိုင်းတွေကို စီရင်။ (သြဂုတ် ၂၂၊ ၂၀၁၄)
သူလျှိုအဖြစ် စွပ်စွဲခံရတဲ့ ပါလက်စတိုင်းတွေကို စီရင်။ (သြဂုတ် ၂၂၊ ၂၀၁၄)

ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ် စစ်သွေးကြွတွေက အစ္စရေးလ်နဲ့ ပူးပေါင်းတယ်လို့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်း ၁၈ ယောက်ကို ကွပ်မျက် သတ်ဖြတ်လိုက်ပါတယ်။ ဂါဇာက အဓိကရင်ပြင်တွေထဲကတခုမှာရှိတဲ့ ပလီအပြင်ဘက်မှာ စစ်သွေးကြွတွေက လူ ၇ ယောက်ကို တန်းစီထားခဲ့တယ်လို့ မျက်မြင်သက်သေတဦးက ပြောပါတယ်။ အစ္စရေးလ်နဲ့ပေါင်းတယ်လို့ သံသယရှိရတဲ့သူတွေကို ခေါင်းမှာ အိတ်တွေစွပ်ပြီးတော့ လူရာပေါင်းများစွာရှေ့မှာပဲ သေနတ်သမားတွေက ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီအသတ်ခံလိုက်ရတဲ့လူတွေဟာ အစ္စရေးလ်တို့နောက်ပိုင်းမှာ တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ လှိုဏ်ခေါင်းတွေ၊ တိုက်ခိုက်ရေးသမားတွေနဲ့ လက်နက်တွေရှိတဲ့နေရာကို အစ္စရေးလ်ဘက်ကို သတင်းတွေပေးခဲ့တယ်လို့ အဲဒီနားက နံရံတခုမှာ စာကပ်ထားပါတယ်။ အစ္စရေးလ်ဘက်က ထိပ်တန်းဟားမတ် စစ်ခေါင်းဆောင် ၃ ယောက်ကို သတ်ပြီး တရက်အကြာမှာပဲ အခုလို ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဇွန်လတုန်းက အစ္စရေးလ်ဆယ်ကျော်သက်အရွယ်ကလေး ၃ဦးကို ပြန်ပေးဆွဲပြီး သတ်ခဲ့တာဟာ သူတို့လက်ချက်ဖြစ်တယ်လို့ ဟာမာတ်စ်အဖွဲ့ကလည်း သောကြာနေ့မှာ ပြောလိုက်ပါတယ်။
တော်လှန်ရေးတွေစတင်ဖို့ရည်ရွယ်ချက်နဲ့ ဟားမတ်တပ်ဖွဲ့တခုက စစ်ဆင်ရေးကို လုပ်ခဲ့တာဖြစ်တယ်လို့ ဟားမတ် ခါင်းဆောင် Saleh Arouri က တူရကီနိုင်ငံမှာ အစည်းအဝေးတခုမှာ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG