သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်တန်းတပ်မှူးတချို့ ကျဆုံးကြောင်း ဟားမတ်စ်အဖွဲ့ သတင်းထုတ်ပြန်


PALESTINIANS-VIOLENCE/
PALESTINIANS-VIOLENCE/

အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ထိပ်တန်းတပ်မှူးတဦး နဲ့ အခြား အကြီးတန်းခေါင်းဆောင် သုံးဦး သေဆုံးခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ဒီကနေ့ တနင်္ဂနွေနေ့မှာ အတည်ပြုလိုက် ပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ Ezzedine Al-Qassam တပ်မဟာက ကြေညာချက်မှာတော့ စစ်ကောင်စီအဖွဲ့ဝင်၊ မြောက်ပိုင်း တပ်မဟာမှူး Ahmed Al-Ghandour နဲ့အတူအခြားသေဆုံးသွားတဲ့ ခေါင်းဆောင်သုံးဦးအမည်ကို ဖေါ်ပြထားပါတယ်။ သေဆုံးသူတွေထဲမှာတော့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ရဲ့ ရော့ကတ်ဒုံးတပ်ဖွဲ့မှာ အကြီးအကဲအဖြစ် အစ္စရေးမီဒီယာတွေမှာ ဖော်ပြခံရတဲ့ Ayman Siyyam လည်းပါဝင်ပါတယ်။ ဟားမတ်စ်တပ်မှူးတွေ ဘယ်အချိန်မှာ သေဆုံးခဲ့ကြသလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားခြင်းမရှိပါဘူး။

Ghandour လို့ လူသိများတဲ့ Abu Anas ကို ၂၀၁၇ခုနှစ်မှာ အမေရိကန်က အထူးသတ်မှတ်ထားတဲ့ ကမ္ဘာ့အကြမ်းဖက်သမား စာရင်းထဲ ထည့်သွင်းခဲ့ပြီး စီးပွားရေးပိတ်ဆို့အရေးယူတဲ့ အမည်ပျက်စာရင်းမှာလည်း ဖေါ်ပြခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ Ghandour ကို အကြမ်းဖက် ဟားမတ်စ်အဖွဲ့ရဲ့ နိုင်ငံရေးဗျူရို အဖွဲ့ဝင်တဦးအဖြစ်ဖေါ်ပြခဲ့ပြီး ၂၀၀၆ခုနှစ်က အစ္စရေးနယ်စပ် စစ်စခန်းတခုကို တိုက်ခိုက်ခဲ့မှုအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှု အတော်များများမှာ ပါဝင်ခဲ့သူဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။

လက်ရှိ ယာယီအပစ်အခတ်ရပ်စဲရေး နှစ်ဘက်သဘောတူညီချက်အရ ဟားမတ်စ်တွေ နှစ်သုတ်ခွဲပြီးလွှတ်ပေးခဲ့တဲ့ အစ္စရေးဓါးစာခံ ၂၆ ဦးရှိပြီး အစ္စရေးဘက်က ပြန်လွှတ်ပေးတဲ့ ပါလက်စတိုင်းအကျဉ်းသား ၇၈ ဦးရှိပါတယ်။

XS
SM
MD
LG