သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါတ်ခွဲခန်းမှာဖန်တီးထားတဲ့ ဟမ်ဘာဂါ


ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ ဟမ်ဘာဂါကို ဒက်ချ်လူမျိုး သိပ္ပံပညာရှင်တွေက ဖော်ထုတ်ခဲ့ပါတယ်။ ဒီဟမ်ဘာဂါကို လန်ဒန်မြို့မှာ မြည်းစမ်းစားကြည့်ခဲ့ကြပါတယ်။

နွားရဲ့ကြွက်သား အသားမျှင်ထဲက ကလပ်ဆဲလ်ကို ကြီးထွားအောင်လုပ်ပြီး ၁၄၀ ဂရမ်လေးတဲ့ အသားပြားဖြစ်အောင် သိပ္ပံပညာရှင်တွေက ဖန်တီးယူခဲ့ကြတာပါ။ ဒီလိုဖန်တီးဖို့အတွက် အချိန် ၂ နှစ်ကျော်ကြာပြီး ကုန်ကျစရိတ် ဒေါ်လာ ၃ သိန်းလောက် ရှိတယ်လို့ ဆိုပါတယ်။

မြည်းစမ်းစားကြည့်သူတွေကတော့ သူ့ရဲ့အရသာဟာ ဟမ်ဘာဂါ အစစ် နီးပါး ကောင်းတယ်လို့ ပြောဆိုကြပါတယ်။ အသားအစစ်လောက်တော့ စိုစိုရွှဲရွှဲ မရှိလှဘူးလို့ မြည်းကြည့်သူတဦးကပြောပြီး၊ နောက်တယောက်ကတော့ အဆီ သိပ်မရှိဘူးလို့ ဆိုပါတယ်။

ဒီစမ်းသပ်မှုဟာ တနေ့ကျရင် အစာပြတ်လပ်မှုတွေ ဖြစ်တဲ့အခါ
ပြဿနာ ဖြေရှင်းနိုင်မှာဖြစ်ပြီး၊ အသားထုတ်လုပ်ငန်းက ထွက်လာတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ပမာဏကိုလည်း လျှော့ချနိုင်မှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောကြပါတယ်။

အခုကတော့ ဒေါ်လာ သုံးသိန်းကျော် ကုန်ကျတဲ့ ဟမ်ဘာဂါ ဆိုတော့ စားနိုင်ဖို့တော့ မလွယ်နိုင်ဘူး ထင်ပါတယ်။
XS
SM
MD
LG