သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော်ဖီမစ်လိုမူးယစ်ဆေးသစ် တာချီလိတ်မှာပျံ့နှံ့မှု ထိုင်းဘက်ကစိုးရိမ်  


ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်စိတ်ကြွဆေးများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ Happy NN လို့ နာမည်ပေးထားတဲ့ မူးယစ်ဆေးတမျိုး ပျံ့နှံ့နေကြောင်း ထိုင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဘုတ်အဖွဲ့ ONCB က သတိပေးထားတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ဆေးတထုပ်ကို ဘတ်ငွေ ၃ ထောင်နဲ့ ၆ ထောင်ကြားပေးရတဲ့ ဒီ Happy NN မူးယစ်ဆေးဟာ အဖြူရောင်ဖြစ်ပြီး ရေ ဒါမှမဟုတ် ကော်ဖီနဲ့စပ်သောက်တဲ့ မူးယစ်ဆေးအမျိုးအစားဖြစ်တယ်လို့ ထိုင်းအရာရှိတွေကပြောပါတယ်။ ဒီမူးဆေးသစ်က ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံက KTV ဖျော်ဖြေရေးရုံတွေ၊ ကလပ်တွေမှာ အရင်ကအသုံးများတဲ့ Happy Water လို့ခေါ်တဲ့ မူးယစ်ဆေးနဲ့ နာမည်တူပြီး Happy Water ကို အရည်အဖြစ်နဲ့ရောအမှုန့်အဖြစ်နဲ့ပါ ရောင်းချနေတာဖြစ်ပါတယ်။

ဒီ Happy NN မူးယစ်ဆေးသစ်ကို မြန်မာဘက်က သိပ်မသိသေးတဲ့အတွက် မူးယစ်ဆေးထဲမှာ ဘာတွေပါတယ်ဆိုတာ ဓါတ်ခွဲစမ်းသပ်ဖို့ ပူးပေါင်းစုံစမ်းနေတယ်လို့လည်း ထိုင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ဆက်ပြောပါတယ်။

Happy Water မူးယစ်ဆေးဟောင်းကတော့ မက်သာဖက်တမင်းခရစ္စတယ်အခဲတွေနဲ့ ကက်တမင်းလို တခြား ဆေးတွေ ပေါင်းစပ်ထားတဲ့ စိတ်ကြွဆေးဖြစ်ပါတယ်။

အောက်တိုဘာလ ဒုတိယပတ်အတွင်းကပဲ မြန်မာနိုင်ငံ တာချီလိတ်မြို့မှာ သံဃာတော်တပါးနဲ့ ဒကာ ၄ ဦးက အဲဒီ Happy Water မူးယစ်ဆေးကို ကော်ဖီအထင်မှားသောက်မိအပြီး သတိလစ်သွားတဲ့သတင်းတွေ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

Happy Water စိတ်ကြွဆေးတွေ ထိုင်းနိုင်ငံအတွင်း ဖြန့်ဝေမှုနဲ့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘန်ကောက်နဲ့ တခြားမြို့တွေမှာ ထိုင်းရဲတွေက မူးယစ်ဆေးဝါးသယ်တဲ့ ဂိုဏ်းတွေကို ဖမ်းဆီးအရေးယူခဲ့ပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]








XS
SM
MD
LG