သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tennessee အမတ် ၂ ဦး ထုတ်ပယ်ခံရမှု ဒုသမ္မတ Harris ဝေဖန်


Vice President Kamala Harris greets Tennessee lawmakers at Fisk University in Nashville, Tennessee, on April 7, 2023.
Vice President Kamala Harris greets Tennessee lawmakers at Fisk University in Nashville, Tennessee, on April 7, 2023.

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးအတွက် အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် လွှတ်တော်တွင်း ဆန္ဒပြရာမှာ ပါခဲ့တဲ့ ဒီမိုကရက် လွှတ်တော်အမတ် ၂ ဦးကို ရီပတ်ဘလစ်ကန်တွေ လွှမ်းမိုးတဲ့ ပြည်နယ်အောက်လွှတ်တော်က မဲခွဲ ထုတ်ပယ်လိုက်တာကို ဒုသမ္မတ Kamala Harris က ပြစ်တင်ဝေဖန်ပါတယ်။

ဧပြီလ ၆ ရက်နေ့က အထုတ်ခံရတဲ့ အောက်လွှတ်တော်အမတ် Justin Jones နဲ့ Justin Pearson တို့ ၂ ဦးလုံးဟာ အာဖရိကနွယ်ဖွား အမေရိကန်တွေ ဖြစ်ပါတယ်။ Tennessee ပြည်နယ်၊ Nashville မြို့မှာ လူမည်းကျောင်းသူ ကျောင်းသားတွေ အဓိက တက်တဲ့ Fisk တက္ကသိုလ်မှာ မနေ့က ဒုသမ္မတ Harris က မိန့်ခွန်းပြောချိန်၊ အတိုက်အခံ ပါတီကို ဝေဖန်သွားပါတယ်။

အမေရိကန် စာသင်ကျောင်းတွေမှာ သေနတ်ကိုင် ပစ်ခတ်မှုတွေကြောင့် ကလေးငယ်တွေ သေဆုံးရတဲ့ ဖြစ်ရပ်တွေ ထပ်မဖြစ်အောင် ဟန့်တားဖို့ ဒီအမတ် ၂ ဦးက တောင်းဆိုနေတာမို့ အခုလို ထုတ်ပယ်ပြီး နုတ်ပိတ်လိုက်တာပဲလို့ ဒုသမ္မတ Harris က ပြောပါတယ်။ ပြီးခဲ့တဲ့လက Nashville မြို့မှာ ကလေးငယ် ၆ ဦး သေဆုံးခဲ့ရတဲ့ စာသင်ကျောင်း ပစ်ခတ်ခံရမှုကို ရည်ညွန်းပြီး အခုလို ပြောသွားတာပါ။ အခုထုတ်ပယ်ခံရတဲ့ ဒီမိုကရက် လွှတ်တော်အမတ် Justin Jones နဲ့ Justin Pearson တို့အပြင် သူတို့လိုပဲ ထုတ်ပယ်ဖို့ မဲခွဲဆုံးဖြတ်ရာမှာ မဲ အလုံအလောက်မရလို့ ထုတ်ပယ်မခံရတဲ့ ဒီမိုကရက် လွှတ်တော်အမတ် Gloria Johnson တို့ သုံးဦးကို ဒုသမ္မတ Harris က လူချင်း သီးသန့်တွေ့ဆုံအားပေးခဲ့ပါတယ်။

သမ္မတ Joe Biden ကိုယ်တိုင်လည်း သူတို့ ၃ ဦးကို အွန်လိုင်းကနေ မနေ့က တွေ့ဆုံပြီး၊ ဒီမိုကရေစီ စံတန်ဖိုးတွေ အလေးထားကာ၊ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေမှာ ခေါင်းဆောင်ပေးမှုအတွက် ကျေးဇူးတင်ပြီး အိမ်ဖြူတော်က မကြာခင် လာလည်ဖို့ပါ ဖိတ်ခဲ့တယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

အခုလို နိုင်ငံရေး ရပ်တည်ချက်အတွက် အမတ်တွေကို ထုတ်ပယ်တာမျိုးက ဖြစ်လေ့မရှိတာတာကြောင့် အံ့သြတုန်လှုပ်ရသလို၊ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပါပဲလို့ ပြောပါတယ်။ ဒီဖြစ်ရပ်ကြောင့် တခြားပြည်နယ်လွှတ်တော်တွေမှာပါ အလားတူ အခြေအနေတွေ ဖြစ်လာမှာကို လွှတ်တော်အမတ်တချို့က စိုးရိမ်နေကြပါတယ်။

===== Unicode =====






XS
SM
MD
LG