သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟယ်ရီပေါ်တာ နောက်ဆုံးရုပ်ရှင် ဝင်ငွေစံချိန်ချိုး

ဟယ်ရီပေါ်တာ နောက်ဆုံးရုပ်ရှင် ဝင်ငွေစံချိန်ချိုး
ဟယ်ရီပေါ်တာ နောက်ဆုံးရုပ်ရှင် ဝင်ငွေစံချိန်ချိုး

မှော်အတတ်တွေကို ဆန်းပြားတဲ့ရိုက်ချက်တွေနဲ့ ပရိသတ်ကို စွဲဆောင်နိုင်တဲ့ ဟယ်ရီပေါ်တာ (Harry Potter) ရုပ်ရှင်ကား နောက်ဆုံးအခန်းဆက်ဖြစ်တဲ့ Harry Potter & the Deadly Hallows ရုပ်ရှင် ဒုတိယပိုင်းကို သောကြာနေ့က မြောက်အမေရိကတိုက်မှာ စတင် ရုံတင်ပြသတာမှာ ပထမနေ့မှာတင် ဝင်ငွေ စံချိန်ချိုးခဲ့ပါတယ်။

အမေရိကန်နိုင်ငံတဝန်း ရုပ်ရှင်ရုံတွေကနေ ပထမတနေ့ထဲမှာကို ဝင်ငွေက ဒေါ်လာ ၉၂ သန်းကျော် ရခဲ့တယ်လို့ Warner Bros. ရုပ်ရှင်ကုမ္ပဏီက ပြောပါတယ်။ အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံမှာ ရုပ်ရှင် စ စ တင်ချင်းနေ့မှာ ဟယ်ရီပေါ်တာကို ညပွဲအဖြစ် ရုံတင်ပြခဲ့တာမှာလည်း ဒေါ်လာ ၄၃ သန်းခွဲကျော်ရခဲ့ပြီး ညပွဲတွေကရတဲ့ ဝင်ငွေစံချိန်ကို ချိုးလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က စတင် ရုံတင်ပြနေတဲ့ တခြား နိုင်ငံတွေကနေလည်း ဝင်ငွေ ၄၃ သန်း ရထားပါတယ်။

ဗြိတိန်စာရေးဆရာမ ဂျေကေ ရိုးလင်း (JK Rowling) ရေးသားတဲ့ မှော်အတတ်ပညာရှင်လေး ဟယ်ရီပေါ်တာ ဝတ္ထု ဇာတ်လမ်းတွဲတွေကို ရုပ်ရှင်အဖြစ် ရိုက်ကူး ပြသနေတာမှာ အခုနောက်ဆုံးကားက ဟယ်ရီပေါ်တာ နဲ့ သူ့ကိုခြေမှုန်းချင်တဲ့ မှော်ဆရာ Voldemort တို့ကြား ပညာအားပြိုင်ကြတဲ့ကား ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG