သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော် ခေါင်းဆောင်ဟောင်း Harry Reid အောက်မေ့ဖွယ်အခမ်းအနား ကျင်းပ


အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင်ဟောင်း Harry Reid ကို ဂါရဝပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်လာတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden. (ဇန်နဝါရီ ၈၊ ၂၀၂၂)
အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင်ဟောင်း Harry Reid ကို ဂါရဝပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနား တက်ရောက်လာတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Jill Biden. (ဇန်နဝါရီ ၈၊ ၂၀၂၂)

(Zawgyi / Unicode)

ကွယ်လွန်သူ အမေရိကန် အထက်လွှတ်တော် လူများစုခေါင်းဆောင်ဟောင်း Harry Reid ကို ဂါရဝပြုတဲ့ အောက်မေ့ဖွယ် အခမ်းအနား စနေနေ့က Nevada ပြည်နယ် Las Vegas မြို့မှာ ကျင်းပရာမှာ သမ္မတ ၂ ဦး အပါအဝင် ထိပ်တန်း ဒီမိုကရက် ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားကို သမ္မတ Joe Biden၊ ဒုသမ္မတ Kamala Harris၊ သမ္မတဟောင်း Barack Obama နဲ့ အခြား ထိပ်တန်း ဒီမိုကရက် ခေါင်းဆောင်တွေဖြစ်တဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi၊ အထက်လွှတ်တော် လူများစုခေါင်းဆောင် Chuck Schumer တို့လည်း တက်ရောက်ပြီး အမှတ်တရ ချီးမွမ်းစကားတွေ ပြောဆိုကြပါတယ်။ အထူးသဖြင့် ၂၁ ရာစု အမေရိကန်လွှတ်တော်တွင်း တချို့ဥပဒေ ပြဋ္ဌာန်းရေးအပိုင်းမှာ Harry Reid ရဲ့ စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်လို့ ချီးကျူး ပြောဆိုကြတာပါ။

သမ္မတ Biden ကတော့ အမေရိကန်သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ အထက်လွှတ်တော် လူများစုခေါင်းဆောင်တွေထဲက တဦးအဖြစ် ချီးကျူးစကား ပြောကြားခဲ့သလို Harry Reid ဟာ သူ သမ္မတဖြစ်လာအောင် ပံ့ပိုးကူညီပေးခဲ့သူအဖြစ် ပြောခဲ့ဖူးတဲ့ သမ္မတဟောင်း Obama ကတော့ လုပ်သင့်လုပ်ထိုက်တာတွေကို ပြီးပြတ်အောင်မြင်အောင် ဆောင်ရွက်နိုင်သူအဖြစ် ပြောကြားခဲ့ပါတယ်။

ငယ်စဉ်ဘဝကို မပြည့်မစုံနဲ့ ဖြတ်သန်းခဲ့ရပေမယ့် Harry Reid ဟာ အသက် ၃၀ အရွယ်၊ ၁၉၇၀ ပြည့်နှစ်မှာ Nevada ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့ပါတယ်။ ဒီနောက် ၁၉၈၂ ခုနှစ်မှာ အောက်လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ အသက် ၈၂ နှစ်အရွယ်မှာတော့ ပန်ခရိယ မုန့်ချိုအိတ် ကင်ဆာရောဂါနဲ့ Harry Reid ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)






XS
SM
MD
LG