သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တရုတ္နဲ႔ဆက္ႏြယ္တဲ့ သုေတသနလုပ္ငန္းေတြ လိမ္လည္မႈနဲ႔ Harvard ပါေမာကၡ တရားစြဲခံရ


ံHarvard ပါေမာကၡ Charles Lieber

Zawgyi/Unicode

တ႐ုတ္အစိုးရရဲ့ အလုပ္အကိုင္ရွာေဖြခန္႔ထားေရး THOUSAND TALENTS PROGRAM အစီအစဥ္မွာ ပါဝင္ရင္း သုေတသန ရန္ပုံေငြ ေတြ လိမ္လည္ ဖုံးကြယ္ခဲ့တဲ့ ျပစ္မႈနဲ႔ အေမရိကန္ HARVARD တကၠသိုလ္ ဓာတုေဗဒ နဲ႔ ဇီဝဓာတုေဗဒ ဌာန အႀကီးအကဲေဟာင္း CHARLES LIEBER ကို ဒီကေန႔စြဲခ်က္တင္ တရားစြဲဆိုလိုက္တယ္လို႔ အေမရိကန္ တရားေရးဌာနက ေျပာပါတယ္။ အသက္ ၆၁ ႏွစ္ အရြယ္ရွိတဲ့ CHARLES LIBER ကို ျပစ္မႈ ၂ ခုနဲ႔ စြဲခ်က္တင္ခဲ့တာျဖစ္ၿပီး အျပစ္ရွိရင္ ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ ဒဏ္ေငြ ၂ သိန္းခြဲ က်ခံရဖို႔ ရွိပါတယ္။

တ႐ုတ္နိုင္ငံထဲ နည္းပညာ တိုးတက္ဖို႔အတြက္ အဆင့္ျမင့္ သိပၸံ ပညာရွင္ေတြကို စုေဆာင္းတဲ့THOUSAND TALENTS PROGRAM အစီအစဥ္မွာ ပါဝင္ပတ္သက္မႈအျပင္ WUHAN နည္းပညာ တကၠသိုလ္ (WUT)နဲ႔ ပတ္သက္ေနမႈမွာ အေမရိကန္ အာဏာပိုင္ေတြကို လိမ္ညာခဲ့တဲ့အတြက္ ၿပီးခဲ့တဲ့ ဇန္နဝါရီ လတုန္းက LIEBER ကို ဖမ္းဆီးခဲ့တာပါ။ LIEBER ဟာ ဝူဟန္ နည္းပညာ တကၠသိုလ္ WUT နဲ႔ THOUSAND TALENTS PROGRAM အစီအစဥ္ေတြမွာ ပါဝင္ ပတ္သက္ေနတာကို ဖုံကြယ္ထားသလား ဆိုတာ သံသယရွိတဲ့အတြက္ အေမရိကန္ အမ်ိဳးသားက်န္းမာေရးဌာနက ၂၀၁၈ နိုဝင္ဘာလတုန္းက HARVARD တကၠသိုလ္ ကို စုံစမ္းခဲ့ ပါတယ္။ သူ႔အေနနဲ႔ WUT နဲ႔ တရားဝင္ပတ္သက္မႈ ဘာမွမရွိသလို THOUSAND TALENTS PROGRAM အစီအစဥ္မွာလည္း ပါဝင္ခဲ့တာ မရွိဘူးလို႔လည္း သူက လိမ္ညာေျပာခဲ့တာပါ။

LIEBER ဟာ ၂၀၁၁ ခုႏွစ္ကတည္းက WUT မွာ နည္းဗ်ဳဟာ ဆိုင္ရာ သိပၸံပညာရွင္အျဖစ္ ေဆာင္ရြက္ခဲ့ၿပီးေနာက္ပိုင္း ၂၀၁၂ ကေန ၂၀၁၅ အထိ အဲဒီ အစိုးရ အစီအစဥ္မွာ ပါဝင္ခဲ့ေၾကာင္း တရားေရးဌာနက စြပ္စြဲေျပာဆိုခဲ့သလို သူ႔ရဲ့ ဒီလို ပါဝင္ ပတ္သက္ေနမႈေတြကို HARVARD တကၠသိုလ္ ကိုအသိမေပးခဲ့ဘူးလို႔လည္း ဆိုပါတယ္။

THOUSAND TALENTS PROGRAM အစီအစဥ္ဟာ သတင္းအခ်က္အလက္ေတြ ခိုးယူ ေပးသူေတြကို ဆုေငြ ခ်ီးျမႇင့္တဲ့ အစီအစဥ္ လည္း ပါဝင္တယ္လို႔ တရားေရး ဌာနက ေျပာပါတယ္။

အဲဒီအခ်ိန္တုန္းက WUT တကၠသိုလ္က သူ႔ကို လစဥ္ အေမရိကန္ ေဒၚလာ ၅ ေသာင္းနဲ႔ ၃ ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေနထိုင္စားေသာက္မႈ စားရိတ္ တ႐ုတ္ယြမ္ေငြ ၁ သန္းေထာက္ပံ့ေပးၿပီး WUT မွာ သုေတသန ဓါတ္ခြဲခန္းတခုတည္ေဆာက္ဖို႔ ေဒၚလာ ၁.၅သန္းခြဲ ေပးခဲ့တယ္ လို႔ တရားေရးဌာန ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

အျပန္အလွန္ အေနနဲ႔LIEBER က တႏွစ္မွာ ၉ လထက္မနည္း WUT အတြက္ အလုပ္လုပ္ေပးရတာျဖစ္ၿပီး လူငယ္ ဆရာေတြ၊ ပါရဂူ ေက်ာင္းသားေတြ ပ်ိဳးေထာင္ေပးရသလို နိုင္ငံတကာ ေဆြးေႏြးပြဲေတြက်င္းပေပးရသလို မူပိုင္ခြင့္ေလၽွာက္ေပးတာ ေတြနဲ႔ WUT အမည္ခံ ေဆာင္းပါးေတြေရးသားတာေတြကို ျပဳလုပ္ေပးခဲ့တာပါ။

အေမရိကန္နိုင္ငံမွာ ပုဂၢိဳလ္ေရး အက်ိဳးစီးပြား ယွက္ႏြယ္မႈ CONFLICT OF INTEREST ကို ကာကြယ္ဖို႔နဲ႔ နိုင္ငံျခား အစိုးရနဲ႔ သစၥာခံ ပူးေပါင္းေဆာင္ရြက္ တာေတြကို ကာကြယ္ဖို႔ အဲဒီ သုေတသေန ရံပုံေငြေတြ အားလုံးကို ဥပေဒအရ တရားဝင္ ေၾကညာဖို႔ လိုအပ္ ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

တရုတ်အစိုးရရဲ့ အလုပ်အကိုင်ရှာဖွေခန့်ထားရေး THOUSAND TALENTS PROGRAM အစီအစဉ်မှာ ပါဝင်ရင်း သုတေသန ရန်ပုံငွေ တွေ လိမ်လည် ဖုံးကွယ်ခဲ့တဲ့ ပြစ်မှုနဲ့ အမေရိကန် HARVARD တက္ကသိုလ် ဓာတုဗေဒ နဲ့ ဇီဝဓာတုဗေဒ ဌာန အကြီးအကဲဟောင်း CHARLES LIEBER ကို ဒီကနေ့စွဲချက်တင် တရားစွဲဆိုလိုက်တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ အသက် ၆၁ နှစ် အရွယ်ရှိတဲ့ CHARLES LIBER ကို ပြစ်မှု ၂ ခုနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပြီး အပြစ်ရှိရင် ထောင်ဒဏ် ၅ နှစ်နဲ့ ဒဏ်ငွေ ၂ သိန်းခွဲ ကျခံရဖို့ ရှိပါတယ်။

တရုတ်နိုင်ငံထဲ နည်းပညာ တိုးတက်ဖို့အတွက် အဆင့်မြင့် သိပ္ပံ ပညာရှင်တွေကို စုဆောင်းတဲ့THOUSAND TALENTS PROGRAM အစီအစဉ်မှာ ပါဝင်ပတ်သက်မှုအပြင် WUHAN နည်းပညာ တက္ကသိုလ် (WUT)နဲ့ ပတ်သက်နေမှုမှာ အမေရိကန် အာဏာပိုင်တွေကို လိမ်ညာခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ လတုန်းက LIEBER ကို ဖမ်းဆီးခဲ့တာပါ။ LIEBER ဟာ ဝူဟန် နည်းပညာ တက္ကသိုလ် WUT နဲ့ THOUSAND TALENTS PROGRAM အစီအစဉ်တွေမှာ ပါဝင် ပတ်သက်နေတာကို ဖုံကွယ်ထားသလား ဆိုတာ သံသယရှိတဲ့အတွက် အမေရိကန် အမျိုးသားကျန်းမာရေးဌာနက ၂၀၁၈ နိုဝင်ဘာလတုန်းက HARVARD တက္ကသိုလ် ကို စုံစမ်းခဲ့ ပါတယ်။ သူ့အနေနဲ့ WUT နဲ့ တရားဝင်ပတ်သက်မှု ဘာမှမရှိသလို THOUSAND TALENTS PROGRAM အစီအစဉ်မှာလည်း ပါဝင်ခဲ့တာ မရှိဘူးလို့လည်း သူက လိမ်ညာပြောခဲ့တာပါ။

LIEBER ဟာ ၂၀၁၁ ခုနှစ်ကတည်းက WUT မှာ နည်းဗျုဟာ ဆိုင်ရာ သိပ္ပံပညာရှင်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်း ၂၀၁၂ ကနေ ၂၀၁၅ အထိ အဲဒီ အစိုးရ အစီအစဉ်မှာ ပါဝင်ခဲ့ကြောင်း တရားရေးဌာနက စွပ်စွဲပြောဆိုခဲ့သလို သူ့ရဲ့ ဒီလို ပါဝင် ပတ်သက်နေမှုတွေကို HARVARD တက္ကသိုလ် ကိုအသိမပေးခဲ့ဘူးလို့လည်း ဆိုပါတယ်။

THOUSAND TALENTS PROGRAM အစီအစဉ်ဟာ သတင်းအချက်အလက်တွေ ခိုးယူ ပေးသူတွေကို ဆုငွေ ချီးမြှင့်တဲ့ အစီအစဉ် လည်း ပါဝင်တယ်လို့ တရားရေး ဌာနက ပြောပါတယ်။

အဲဒီအချိန်တုန်းက WUT တက္ကသိုလ်က သူ့ကို လစဉ် အမေရိကန် ဒေါ်လာ ၅ သောင်းနဲ့ ၃ နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး နေထိုင်စားသောက်မှု စားရိတ် တရုတ်ယွမ်ငွေ ၁ သန်းထောက်ပံ့ပေးပြီး WUT မှာ သုတေသန ဓါတ်ခွဲခန်းတခုတည်ဆောက်ဖို့ ဒေါ်လာ ၁.၅သန်းခွဲ ပေးခဲ့တယ် လို့ တရားရေးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အပြန်အလှန် အနေနဲ့LIEBER က တနှစ်မှာ ၉ လထက်မနည်း WUT အတွက် အလုပ်လုပ်ပေးရတာဖြစ်ပြီး လူငယ် ဆရာတွေ၊ ပါရဂူ ကျောင်းသားတွေ ပျိုးထောင်ပေးရသလို နိုင်ငံတကာ ဆွေးနွေးပွဲတွေကျင်းပပေးရသလို မူပိုင်ခွင့်လျှောက်ပေးတာ တွေနဲ့ WUT အမည်ခံ ဆောင်းပါးတွေရေးသားတာတွေကို ပြုလုပ်ပေးခဲ့တာပါ။

အမေရိကန်နိုင်ငံမှာ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ယှက်နွယ်မှု CONFLICT OF INTEREST ကို ကာကွယ်ဖို့နဲ့ နိုင်ငံခြား အစိုးရနဲ့ သစ္စာခံ ပူးပေါင်းဆောင်ရွက် တာတွေကို ကာကွယ်ဖို့ အဲဒီ သုတေသနေ ရံပုံငွေတွေ အားလုံးကို ဥပဒေအရ တရားဝင် ကြေညာဖို့ လိုအပ် ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG