သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှမှာ IS ခြိမ်းခြောက်မှုတိုး


စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen
စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Dr.Ng Eng Hen

အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေဟာ ပိုပြီး စနစ်တကျရှိလာကြသလို သူတို့ရဲ့ ရည်မှန်းချက်တွေကို ပိုအာရုံစိုက်လာနေတာနဲ့အမျှ အရှေ့တောင်အာရှနိုင်ငံတွေအပေါ် အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုတွေနှစ်စဉ်တိုးလာနေတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီး Ng Eng Hen ကသောကြာနေ့မှာပြောပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Ash Carter နဲ့ ဟာဝိုင်ယီမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအပြီးမှာမစ္စတာ Eng ကသတင်းထောက်တွေကိုပြောသွားတာပါ။ ဒီအစည်းအဝေးမှာ IS အကြမ်းဖက်သမားတွေနဲ့ အလားတူ အုပ်စုတွေရဲ့ခြိမ်းခြောက်မှုတွေအကြောင်းကို ကာကွယ်ရေးဝန်ကြီးတွေ အချိန်အတော်ကြာအောင် ဆွေးနွေးခဲ့ကြပါတယ်။

အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်တယ်ဆိုပြီး ကာလီဖိတ်တွေ လို့ သူတို့ကိုယ်သူတို့ ကြေငြာထားတဲ့ အီရတ်နဲ့ ဆီးရီးယားက IS အစွန်းရောက်အကြမ်းဖက်သမားတွေကို အရှေ့တောင်အာရှဒေသက လူပေါင်း ၁၀၀၀ ကျော် သွားရောက်ပူးပေါင်းခဲ့ကြတယ်လို့ စင်္ကာပူ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ အခုလို နှစ်စဉ် ကာကွယ်ရေးဝန်ကြီးတွေတွေ့ဆုံတိုင်း IS အစွန်းရောက်သမားတွေရဲ့ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေလည်း နှစ်စဉ်တိုးလာတာကို တွေ့ရတယ်လို့ မစ္စတာ Eng ကပြောပါတယ်။ အရှေ့တောင်အာရှ ဒေသတွင်းက စစ်သွေးကြွတွေကို ဦးဆောင်ဖို့ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရ အလိုရှိဆုံးသူတယောက်ကို အရှေ့တောင်အာရှ ဒေသက IS တို့က ဂျွန်လမှာ ရွေးချယ်ခဲ့ကြတယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ တိုက်ခိုက်သူ ၄ ဦးအပါအဝင် လူ ၈ ယောက်သေဆုံးခဲ့ရတဲ့ ဇန်နဝါရီလက အကြမ်းဖက်တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်ဆိုပြီး IS တို့ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့ တာဝန်ရှိသူတွေက ဒေသတွင်း လုံခြုံရေး သတိပေးချက်တွေ တိုးမြှင့်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG