သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်ယီ-Honolulu မြို့ကအထပ်မြင့်တိုက် မီးလောင်လို့ လူ ၃ဦးသေဆုံး


အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ဟိုနိုလူလူမြို့က အထပ်မြင့်ကွန်ဒိုအဆောက်အအုံတခု မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ တာကြောင့် လူ ၃ ယောက်သေဆုံးသွားခဲ့တယ်လို့ ဟာဝါရီပြည်နယ်တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

မာကိုပိုလို ဆိုတဲ့ အဆောက်အအုံရဲ့ ၂၆ ထပ်မှာ သောကြာနေ့ကစပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး၊ အဲဒီကနေ ၂၅ ထပ်နဲ့ ၂၈ ထပ်တွေ့အထိ ပျံ့နှံ့ကုန်တယ်လို့ ပြည်နယ် ရဲအရာရှိ Manuel Neves က ပြောပါတယ်။ သေဆုံးသွားသူတွေဟာ ၂၆ ထပ်မှာ သေဆုံးခဲ့တာဖြစ်ကြောင်း၊ ဒါပေမဲ့ အသေးစိတ်ကိုတော့ သူက ပြောဆိုသွားခဲ့ခြင်းမရှိပါဘူး။

အခန်းပေါင်း ၅၈၆ ခန်းရှိတဲ့ အဲဒီ ကွန်ဒိုတိုက်ခန်းတွေရဲ့ အပေါ်ထပ်တွေမှာ မီးလောင်နေချိန်မှာပဲ၊ ကယ်ဆယ်ရးအဖွဲ့တွေရောက်လာပြီး အဲဒီမှာ နေနေတဲ့သူတွေကို အဆောက်အအုံထဲကနေ ကယ်ထုတ်ခဲ့ကြပါတယ်။

အဲဒီ မာကိုပိုလိုအဆောက်အအုံကို ၁၉၇၁ ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်တုန်းကတော ဟိုနိုလူလူမြို့က အဆောက်အအုံတွေအနေနဲ့ မီးလောင်တဲ့အခါ မီးဘေးကာကွယ်တဲ့ ရေပန်းစနစ်ကို မဖြစ်မနေ တပ်ဆင်ရမယ့်အချိန်မတိုင်ခင်က ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG