သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟာဝိုင်အီ တောမီးကြောင့် အနည်းဆုံး ၉၀ ကျော်သေ

A man walks through wildfire wreckage Aug. 11, 2023, in Lahaina, Hawaii.
A man walks through wildfire wreckage Aug. 11, 2023, in Lahaina, Hawaii.

အမေရိကန် ပြည်ထောင်စု ဟာဝိုင်အီပြည်နယ် Maui ကျွန်းမှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၉၀ ကျော်အထိ တာဝန်ရှိသူတွေ အတည်ပြုထားပြီး၊ နောက်ထပ် တိုးလာမယ်လို့လည်း ခန့်မှန်းနေပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး Josh Green က သေဆုံးသူ ၈၉ ယောက်အထိ တိုးလာကြောင်း စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပေမဲ့ ဒေသခံအာဏာပိုင်တွေက နောက်ပိုင်းမှာ ၉၃ ယောက်အထိ ထပ်မံအတည်ပြုခဲ့တာပါ။ ရာစုနှစ်တခုကျော်အတွင်း အမေရိကန်မှာ အသေအပျောက်အများဆုံး တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အဦး ၂၂၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပြီး ဒီအထဲက ၈၆ ရာခိုင်နှုန်းဟာ လူနေအဆောက်အဦးတွေ ဖြစ်တယ်လို့လည်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မီးလောင်မှုကြောင့် ခန့်မှန်းခြေ ဒေါ်လာသန်း ၆ ထောင်လောက် ဆုံးရှုံးခဲ့ရပြီး ပြန်လည် နာလန်ထူဖို့ အချိန်ယူရလိမ့်မယ်လို့လည်း ပြောပါတယ်။ မီးလောင်မှုနဲ့ ကြုံခဲ့ရပြီးနောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အစီအမံတွေနဲ့ မူဝါဒတွေကို ပြန်လည်သုံးသပ်မယ်လို့လည်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ကျွန်းတောင်ပိုင်းကို ဖြတ်သန်းခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Dora နဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးပြန့်နှံ့ခဲ့ရသလို၊ လျှပ်စစ်မီးတွေပြတ်တောက်၊ မီးသတ်ဌာန ရဟတ်ယာဉ်တွေ မပျံသန်းနိုင်တာတွေဟာ မီးလောင်မှု ကြီးမားရတဲ့ အကြောင်းရင်းတွေထဲမှာ ပါတယ်လို့လည်း အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

This item is part of
XS
SM
MD
LG