ပန်းနာရင်ကျပ်ဖြစ်တာနဲ့ တခါတလေ တွဲဖြစ်တတ်တဲ့ အစာအိမ်ထဲက အက်ဆစ်အချဉ်ပြန် ပျို့ အန်ထွက်တာကြောင့် ပန်းနာရင်ကျပ်ဖြစ်တာကို ပိုဆိုးသွားစေပါတယ်။ ဒီအချဉ်ပြန်ပျို့ အန်ထွက်တာကို ပေးတဲ့ဆေးကြောင့် ပန်းနာရင်ကျပ်ဖြစ်တာကို လူကြီးတွေမှာ သက်သာစေပေမယ့် ကလေးတွေအတွက်တော့ ထိရောက်မှု့ မရှိတဲ့အပြင်၊ တခြားဆိုးကျိုးတွေပါ ပိုဖြစ်စေနိုင်တယ်လို့ လေ့လာမှု့အသစ်တခုမှာ တွေ့ရှိလိုက်ပါတယ်။
ပန်းနာရင်ကျပ်ဖြစ်လာရင် အစပိုင်း လက္ခဏာတွေကိုသိပြီး နောက်မကျပဲ ဆေးရုံဆေးခန်းပြဖို့နဲ့၊ ဆေးကုသမှု့ ပုံမှန်ဆက်ခံယူသွားဖို့ အရေးကြီးပါတယ်။
ဒီ နာတာရှည်ဖြစ်တဲ့ ရင်ကျပ်ရောဂါကို အမြစ်ပြတ်အောင် ကုလို့မရပေမယ့် ရေရှည်ရောဂါ ထိန်းပေးနိုင်တဲ့ဆေးတွေကို ယာယီသက်သာစေတဲ့ ဆေးတွေနဲ့အတူ တွဲသောက်သွားရင် ပုံမှန်လူတွေလိုပဲ သက်တမ်းစေ့နေနိုင်ပါတယ်။ ဘာကြောင့်ပါသလဲ။
ဒီ ရောဂါပုံမှန်အဆင့်အတွက် အကောင်းဆုံးဖြစ်တဲ့ ရှုဆေးကို မြန်မာနိုင်ငံမှာ ဘာကြောင့် တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးပါသလဲ။ သုံးနေသူတွေရော ထိရောက်အောင် ဘယ်လိုသုံးသင့်ပါသလဲ။ ရောဂါဖြစ်ရခြင်း ပင်မ အကြောင်းရင်းကို မသိနိုင်ပေမယ့် ဒီရောဂါကို ပိုဆိုးစေနိုင်တဲ့ အချက်တွေ သိထားပြီး၊ အဲ့ဒါတွေကို ရှောင်ကျဉ်နိုင်ရင်လဲ ဆိုးမသွားအောင် ကာကွယ်နိုင်ပါတယ်။
ဒီအကြောင်းတွေကို VOA သတင်းထောက် Carol Pearson သတင်းပို့ထားတာနဲ့ မြန်မာနိုင်ငံထဲက ဆေးတက္ကသိုလ် အငြိမ်းစားပါမောက္ခနဲ့ ရင်ခေါင်းရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာတင်မောင်ချို အား မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်း တင်ပြထားပါတယ်။