သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမွေးလာပြီးရင် အာဟာရ မချို့တဲ့စေဖို့


ကလေးမွေးလာပြီးရင် အာဟာရ မချို့တဲ့စေဖို့
ကလေးမွေးလာပြီးရင် အာဟာရ မချို့တဲ့စေဖို့

အာဟာရချို့တဲ့ရင် ကလေးရဲ့ ဦးနှောက်ဖွံဖြိုးမှု့ကို ထိခိုက်စေနိုင်တာအပြင်၊ ကလေးတွေကို သေစေနိုင်တဲ့ အဆုပ်လမ်းကြောင်း နဲ့ ဝမ်းရောဂါတွေ အပါအဝင် သွေးဆိပ်တက်တဲ့ ရောဂါကြီးတွေ ဖြစ်စေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ၅ နှစ်အောက် ကလေး ၃ ယောက်မှာ ၁ ယောက်ဟာ အာဟာရချို့တဲ့နေတယ်လို့ ကမ္ဘာ့ကုလသမဂ္ဂ ဖွံဖြိုးရေးအစီအစဉ် (UNDP) က ထုတ်ပြန့်ခဲ့ပါတယ်။

အာဟာရချို့တဲ့မှု့ဟာ မိခင်နို့ဦးရေနဲ့ မိခင်နို့ကို ကာလတခုအထိ မတိုက်တာနဲ့ အာဟာရဖြစ်အောင် အချိန်ကိုက် မကျွေးတတ်တာကြောင့် အဓိကဖြစ်ရတာပါ။

အာဟာရပြည့်ပြီး အခြားရောဂါတွေ မဝင်အောင် မိခင်နို့ဦးရေတိုက်ပြီး၊ ပထမ ၆ လမှာ မိခင်နို့ပဲတိုက်ကာ၊ ၆လနဲ့ ၁ နှစ်ကြား မိခင်နို့နဲ့အတူ နူးညံ့တဲ့ ဖြည့်စွက်စာ(နို့မှုန့်၊ဆန်မှုန့်နဲ့ အသီးအနှံရောထောင်းထဲ့ထားတာ) ကျွေးပြီး၊ ၁ နှစ်ကျော်ရင် အသားငါး၊ ကြက်ဥ၊ မြေပဲ အပါအဝင် ဖြည့်စွက်စာအားလုံး အာဟာရမျှတအောင် ကျွေဖို့လိုပါတယ်။ မိခင်နို့ကိုတော့ ၂ နှစ်ထိ တိုက်နိုင်ရင် ကောင်းပါတယ်။

၂ နှစ်ကျော်လာရင်တော့ မိခင်နို့ကို အားကိုးလို့မရတော့ဘဲ၊ အာဟာရပြည့်စုံအောင် လူကြီးစားသလိုပဲ Protein လို့ခေါ်တဲ့ အသားဓာတ် ဖြစ်တဲ့ အသားငါး၊ နို့၊ ကြက်ဥ၊ပဲအမျိုးမျိုးနဲ့၊ Carbohydrate လို့ခေါ်တဲ့ က ဆီဓာတ် ဖြစ်တဲ့ ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး၊ ပြီးတော့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတဲ့ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို မျှတအောင်ကျွေးဖို့ အရေးကြီးလာပါပြီ။

ဒီအကြောင်းအရာကို ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက အိုင်ယာလန်နိုင်ငံ University Collage Cork မှာ သုတေသနလုပ်နေပြီး မြန်မာနိုင်ငံမှာ နှစ် ၃၀ ကြာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေကို ကုသပေးခဲ့ပြီး ကလေးငယ်တွေရဲ့ အာဟာရအကြောင်း ကျန်းမာရေး ပညာပေး စာတွေ ရေးခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG