သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Cholesterol အဆီဓါတ် မြင့်မားမှု့


Cholesterol အဆီဓါတ် မြင့်မားမှု့
Cholesterol အဆီဓါတ် မြင့်မားမှု့

ကမ္ဘာ့ကျန်မာရေးအဖွဲ့ WHO က သွေးထဲမှာ Cholesterol အဆီဓါတ် မြင့်မားနေတဲ.သူ အများအပြားဟာ Heart Attack ခေါ် နှလုံးဖောက်တာ၊ နှလုံးခုန်ရပ်တာ နဲ့ လေဖြတ်တာတွေ မဖြစ်ရအောင် ကာကွယ်နိုင်ဖို့ ဒီ အဆီဓါတ် မြင့်မားနေတာကို မသိကြ၊ သိရင်တောင် ဆေးကုသမှု့မရကြဖူးလို့ ကမ္ဘာအနှံ လေ့လာမှု့ကြီး လုပ်ရာမှာတွေ့ ရှိလိုက်ပါတယ်။

ဒီ အဆီဓါတ် မြင့်မားတဲ့ ပြဿနာဟာ မြန်မာနိုင်ငံမှာရော ဘယ်လိုလူတွေမှာ အများဆုံးဖြစ်နေပါလဲ။ ဒီ Cholesterol အဆီဓါတ် မြင့်မားတာကို ဘယ်လိုသိနိုင်ပါလဲ၊ ဘယ်လို ကာကွယ်နိုင်ပါလဲ။ ဒီ အဆီဓါတ် မြင့်မားတာကို အဓိကဖြစ်စေတဲ့ မကောင်းတဲ့ အဆီတွေအများကြီး မစားမိအောင် ဘယ်အစားအစာတွေမှာ ဒီ Cholesterol အဆီဓါတ် အများအပြားပါနေလဲ ဆိုတာသိဖို့ လိုပါတယ်။ ဘယ်လို အစားအစာတွေမှာတော့ ဒီ Cholesterol အဆီဓါတ်နည်းနည်း ဒါမှမဟုတ်လုံးဝ မပါတဲ့အတွက် ဖြည့်စွက်ပြီး ပိုစားပေးနိုင်ပါလဲ။

ဒီ အကြောင်းတွေအားလုံးကို ဗွီအိုအေသတင်းထောက် ဗီဒူရှီ စင်န်ဟာ (Vidushi Sinha) သတင်းပို.ထားတာနဲ့ စုစည်းပြီး၊ ကိုဝင်းမင်းက အိုင်ယာလန်နိုင်ငံက တက္ကသိုလ်တခုဖြစ်တဲ့ University Collage Cork မှာ သုတေသနလုပ်နေပြီး၊ မြန်မာနိုင်ငံမှာ နှစ် ၃၀ ကြာ ဆေးခန်းဖွင့် ဆေးကုပေးခဲ့ဖူးကာ ဒီ Cholesterol အဆီဓါတ် ပြဿနာအကြောင်းလည်း စာတွေရေးဖူးခဲ့တဲ့ ဆရာဝန် ဒေါက်တာမြင့်ဦး ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG