သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှလုံးရောဂါ


နှလုံးရောဂါ
နှလုံးရောဂါ

ဒီတပတ်မှာ ချစ်သူများနေ့နဲ့ တိုက်ဆိုင်နေလို့ နှလုံးသားတွေ (ကျန်းမာ) အားကောင်းနိုင်အောင် နှလုံးရောဂါအကြောင်း ဆွေးနွေးထားပါတယ်။ အမျိုးသမီးတွေ အများစုမှာ နှလုံးရောဂါဖြစ်လာရင် အမျိုးသားတွေလို ရောဂါလက္ခဏာ သိသိသာသာ မပြတာကို အရင်က ဆေးကျောင်းတွေမှာ မသင်ခဲ့ရပါဘူး။ လူအများလဲမသိခဲ့ကြပါဘူး။

နှလုံးရောဂါ ဖြစ်ဖို့အတွက် အန္တရာယ် ရှိမရှိ သိရအောင် ဘာတွေကို ကြိုတင်စစ်ဆေး တိုင်းတာကြည့်ဖို့ လိုပါလဲ။

နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ဖို့ Cholesterol အဆီများတဲ့ အစာလျော့စားဖို့၊ ဆေးလိပ်မသောက်ဖို့၊ အရက်ကို အကန့်အသတ်နဲ့ ထိန်းသောက်ဖို့၊ အားကစားလုပ်ဖို့နဲ့ စိတ်ဖိစီးမှု့ ဒဏ်တွေကို ပြန်ဖြေလျော့သွားအောင် လုပ်တတ်ဖို့ လိုပါတယ်။

ဒါ့အပြင် နောက်ဆုံး သုတေသန တွေ့ရှိချက်တခုမှာတော့ နေ့စဉ်အိပ်ချိန် ၆ နာရီထက် နဲရင်နှလုံးရောဂါ ဖြစ်ဖို့အတွက် အန္တရာယ်တွေကို ပိုများလာစေနိုင်တယ်လို့ ထောက်ပြထားတာမို့ အိပ်ချိန်ကိုလည်း ဂရုစိုက်ဖို့ လိုလာနေပါပြီ။

ဒီအကြောင်းအရာတွေကို ဗွီအိုအေ သတင်းထောက် အာ့တ်ချိုင်းမ် (Art Chimes) နဲ. ပီတာ ဖဲ့ဒ်ဒင်းန်စကီး (Peter Fedynsky) တို့ သတင်းပို့ထားတာကို စုစည်းပြီး ကိုဝင်းမင်းက သုံးသပ်တင်ပြထားပါတယ်။

XS
SM
MD
LG