သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း


အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း
အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း

အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ လူတွေရဲ့ လှုပ်ရှားမှု့ တွေက နှေးကွေးလာတာ အားလုံးသိကြပြီးသားပါ။ ဒါပေမဲ့ ဒီအချက်ကို ကျန်းမာရေး စစ်ဆေးရာမှာ ညွှန်ကိန်းအဖြစ်နဲ့ မသုံးကြသေးပါဘူး။ ဘာကြောင့်ပါလဲ။

လမ်းလျှောက်မြန်နှုန်းကို ညွှန်ကိန်းအဖြစ်သုံးနိုင်ဖို့ သုတေသန လုပ်ရာကနေ အသက်ရှည်မှု့နဲ့ လမ်းလျှောက်နှုန်း တိုက်ရိုက်ဆက်စပ်နေတာကို တွေ့ရှိခဲ့ပါပြီ။ အသက်အရွယ် ကြီးရင့်လာတဲ့အခါ လမ်းလျှောက်မြန်သူ အများစုဟာ အသက်ပိုရှည်ရှည် နေနိုင်ဖို့ အလားအလာများပါတယ်။

ဒီတွေ့ရှိချက်ကိုသုံးပြီး လမ်းလျှောက်နှုန်းကို တိုင်းတာကာ အသက်နိုင်မှု ဇယားဆွဲပြီး လူနာမှတ်တမ်းမှာ ထဲ့တွက်သွားရင် အသက်အရွယ်ကြီးရင့်လာသူတွေ နောက်ထပ် နှစ်ဘယ်လောက် ကြာကြာနေနိုင်မှာကို ခန့်မှန်းလို့ရပါတယ်။

ဒီအကြောင်းတွေအားလုံးကို ဗွီအိုအေ သတင်းထောက် ကယ်လ်ရို ပီယာစန် (Carol Pearson) နဲ့ ရိုစ်ဟိုဘန် (Rose Hoban) တို့ သတင်းပို့ထားတာကို စုစည်းပြီး၊ ကိုဝင်းမင်းက သုံးသပ်တင်ပြထားပါတယ်။

XS
SM
MD
LG