သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာမေးပွဲ စိုးရိမ်လွန်စိတ်


စာမေးပွဲ စိုးရိမ်လွန်စိတ်
စာမေးပွဲ စိုးရိမ်လွန်စိတ်

၁၀ တန်း စာမေးပွဲတွေ မကြာခင် ဖြေရပါတော့မယ်။ ဖြေရမယ့် ကျောင်းသူ၊ ကျောင်းသားတချို့ စိုးရိမ်ပူပန်နေကြမှာပါ။ စိုးရိမ်မှု့ တစုံတရာ ရှိနေပြီး စာကြိုးစားဖတ်နေတာ ပြဿနာ မရှိပါဘူး။ ဒါပေမဲ့ စာမေးပွဲခန်းထဲမှာ စိုးရိမ်တာလွန်ထွက်သွားပြီး ဖတ်ထား၊ သိထားသမျှ မေ့ကုန်ရင်တော့ ပြဿနာပါ။ တချို့လည်း စာမေးပွဲ အပြင်ရောက်မှ ပြန်သတိရကြတာ ကြုံဖူးကြမှာပါ။

စိုးရိမ်လွန်တာက မှတ်ဉာဏ်တွေ အားနည်းသွားရတာကြောင့် ဖြစ်ရတာပါ။ စာမေးပွဲမဖြေခင် ၁၀ မိနစ် အချိန်ပေးပြီး ဒီ စိုးရိမ်တာတွေနဲ့ စိတ်ထဲမှာ ပေါ်လာတာတွေအားလုံးကို စာရွက်ပေါ်မှာ ချရေးလိုက်ရင် ဒီပြဿနာ မဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သုတေသီတွေက လက်တွေ့ စမ်းသပ်ချက်တွေကတဆင့် တွေ့ရှိထားပါတယ်။

ဒီအကြောင်းဆိုင်ရာကို ဗွီအိုအေ (VOA) သတင်းထောက် ဂျက်စီကာ ဘာမဲန် (Jessica Berman) က သတင်းပို့ထားတာကို ကိုဝင်းမင်း က သုံးသပ်တင်ပြထားပါတယ်။

XS
SM
MD
LG