သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ကိုင်ဖုန်း နဲ့ လူ့ဦးနှောက်


လက်ကိုင်ဖုန်း နဲ့ လူ့ဦးနှောက်
လက်ကိုင်ဖုန်း နဲ့ လူ့ဦးနှောက်

လက်ကိုင်ဖုန်းသုံးတာ ရေပန်းစားလာနေပါတယ်။ တချို့အတွက်ဆိုရင် မရှိမဖြစ်ပစ္စည်း ဖြစ်နေပါပြီ။ ဒါပေမဲ့ တချို့ကြတော့ တချိန်လုံးနီးပါး လက်ကိုင်ဖုန်း ပြောတတ်ကြပါတယ်။ လက်ကိုင်ဖုန်းကို မိနစ် ၅၀ ကျော် ဆက်တိုက် နားနဲ့ ကပ်ပြီးပြောရင် ဦးနှောက်ထဲက ဆဲလ် (cell) တွေ အလုပ်လုပ်တာ ရုတ်တရက် ထမြန်လာတယ်လို့ စမ်းသပ်တွေ့ရှိ လိုက်ပါတယ်။ ဒါပေမဲ့ အခုလို မြန်လာတာကြောင့် လူ့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်မှုရှိ၊ မရှိကိုတော့ မပြောနိုင်သေးပါဘူး။ လေ့လာစမ်းသပ်မှု့တွေ ဆက်လုပ်ရဦးမှာပါ။

ဒါပေမဲ့ အခုတွေ့ရှိချက် အသစ်ကြောင့် လက်ကိုင်ဖုန်း ဘယ်လို ပြောသင့်တယ် ဆိုတာကို ချင့်ချိန် စဉ်းစားနိုင်ကြမှာပါ။

ဒီ အကြောင်းအသေးစိတ်ကို ဗွီအိုအေ သတင်းထောက် ဂျက်စီကာ ဘာမဲန် (Jessica Berman) နဲ့ ဗီဒူရှီ စင်န်ဟာ (Vidushi Sinha) တို့ သတင်းပို့ထားတာကို စုစည်းပြီး၊ ကိုဝင်းမင်းက စိတ်ပိုင်းဆိုင်ရာ အထူးကု ဆရာဝန် ဒေါက်တာမြစပယ် ကို မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG