သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စအိုလမ်းကြောင်း ဆက်နွယ်ရာ အူမကြီး ကင်ဆာ


အူမကြီး နဲ့ စအိုကင်ဆာဟာ အမေရိကန်နိုင်ငံမှာ တခြား ကင်ဆာတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ဖြစ်နှုန်းသေနှုန်းများနေဆဲ ဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်(၂၀) အတွင်းမှာတော့ ဒီ ကင်ဆာရောဂါကြောင့် သေဆုံးနှုန်း ကျဆင်းလာနေပါတယ်။ ဒီကင်ဆာကို စဖြစ်စေတဲ့ Adenoma ခေါ် Polyps အလုံးလေးတွေကို Colonoscope ခေါ် အူမကြီး ကြည့်မှန်ပြောင်း နဲ့ ပိုစစ်ဆေးတွေ့ရှိကာ ဖယ်ထုတ်ပေးနိုင်တာနဲ့၊ ကုသလို့လွယ်တဲ့ စောစောပိုင်းအဆင့်တွေမှာ ဒီကင်ဆာရှိတာကို ကြိုတင်သိရှိလာလို့ပါ။

ဒီ ကင်ဆာအဖြစ်များနေတဲ့ မြန်မာနိုင်ငံမှာလည်း Adnoma (ခေါ်) Polyps အလုံးလေးတွေကို စစ်ဆေးဖယ်ထုတ်ပေးနိုင်တာ အပါအဝင်၊ တခြားဘယ်လို စစ်ဆးမှု့တွေ လုပ်ခြင်းအားဖြင့် ဒီကင်ဆာကို လုံးဝပျောက်ကင်းအောင် ကုရလွယ်တဲ့ အစောပိုင်းအဆင့်မှာ ကြိုသိရအောင် ဘယ်လိုလုပ်နိုင်ပါသလဲ။

ဒီအပြင် ကင်ဆာ ဖြစ်ရခြင်းအကြောင်းတွေကို သိထားခြင်းအားဖြင့်လည်း ကာကွယ်မှု့တွေ ပိုလုပ်နိုင်ပြီး၊ ကင်ဆာဆိုင်ရာ မျိုးရိုးဗီဇ ရှိထားသူတွေအတွက်လည်း ဘယ်အချိန် ဆေးစစ်သင့်တာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။ တချိန်တည်းမှာ ကင်ဆာရောဂါ လက္ခဏာတွေကို သိထားခြင်းအားဖြင့်လည်း ရောဂါလက္ခဏာတွေ ပြလာရင် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း ပြသခြင်းအားဖြင့်လည်း ကုရလွယ်တဲ့ အဆင့်မှာ ကြိုသိနိုင်အောင် လုပ်နိုင်ပါတယ်။

ဒီကင်ဆာရောဂါအကြောင်းတွေကို VOA သတင်းထောက် Art Chimes သတင်းပို့ထားတာနဲ့၊ မြန်မာနိုင်ငံထဲက ကင်ဆာအထူးကုနဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဒေါက်တာ ဦးစိုးအောင် ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG