သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာအိမ် ကင်ဆာ


ကမ္ဘာပေါ်မှာ ကင်ဆာရောဂါကြောင့် သေဆုံးမှု့တွေထဲမှာ ဒုတိယ အများဆုံးဖြစ်တဲ့ အစာအိမ်ကင်ဆာဟာ မြန်မာနိုင်ငံမှာလည်း အဖြစ်အများဆုံး ကင်ဆာတွေထဲမှာ ပါနေပါတယ်။

ဒါပေမဲ့ ကင်ဆာ ဖြစ်နှုန်းကျလာအောင် ကြိုတင်ကာကွယ်ရေးအတွက် အစားအသောက် လတ်လတ်ဆတ်ဆတ်၊ သန့်သန့်ရှင်းရှင်း၊ အာဟာရဖြစ်အောင်စားတာနဲ့ ဒီ ရောဂါကို အဓိကဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုးတမျိုးကို စစ်ဆေးပြီး၊ တွေ့ရှိပါက ကြိုတင်ဖယ်ရှားတာတွေ လုပ်ပေးနိုင်ပါတယ်။

အခုလို ကာကွယ်နိုင်တဲ့ကြားထဲက ရောဂါဖြစ်လာရင်လည်း ဒီရောဂါကြောင့် သေနှုန်းတွေ ကျလာအောင် ရောဂါလက္ခဏာတွေကို သိထားပြီး ဒီလက္ခဏာတွေ ဖြစ်လာရင် ချက်ချင်းဆေးစစ်တာတွေ လုပ်ကာ ရောဂါအစပိုင်း အဆင့် ကြိုသိအောင် ကြိုးစားခြင်းအာဖြင့် ပျောက်ကင်းအောင် ခွဲစိတ်ကုသပေးနိုင်ပါတယ်။

တကယ်လို့ ရောဂါအဆင့်မြင့်ပြီး တခြားအင်္ဂါတွေကို ကူးစက်သွားရင်လည်း ပျောက်အောင် မကုသနိုင်ရင်တောင် သက်သာအောင်နဲ့ အသက်ဆက်ရှင်သန်နိုင်အောင် ကုထုံးတွေရှိနေပါတယ်။

ဒီအကြောင်းတွေကို မြန်မာနိုင်ငံထဲက ကင်ဆာအထူးကု နဲ့ အငြိမ်းစားပါမောက္ခ ဆရာဝန်ကြီး ဦးစိုးအောင် ကို ဆက်သွယ်မေးမြန်းထားပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

XS
SM
MD
LG