သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရက် အလွန်အကျွံသောက်ခြင်း နဲ့ အသက်အန္တရာယ်


အရက် အလွန်အကျွံသောက်ခြင်း နဲ့ အသက်အန္တရာယ်
အရက် အလွန်အကျွံသောက်ခြင်း နဲ့ အသက်အန္တရာယ်

~ ပြန်လည်ထုတ်လွှင့် ~

အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် လူပေါင်း ၂.၅ သန်း သေဆုံးနေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီအထဲမှာ လူငယ်လူရွယ်တွေက အများစုပါ။ ၁၅ နှစ်နဲ့ ၂၉ နှစ်ကြား အရွယ် လူငယ်ပေါင်း ၃၂၀,၀၀၀ တောင် အရက်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကြောင့် နှစ်စဉ်သေနေရပါတယ်။ မသေသင့်သေးတဲ့အချိန် ငယ်ငယ်ရွယ်ရွယ်မှာ သေခဲ့ကြရတာမို့ နှမျောစရာ၊ စိတ်မကောင်း ဖြစ်စရာပါတယ်။

ဒီ ပြဿနာဟာ အထူးသဖြင့် အာရှနဲ့ အာဖရိကကလို ဖွံဖြိုးဆဲနိုင်ငံတွေမှာ ပိုဆိုးတယ်လို့ ဆိုပါတယ်။ အရက် အလွန်အကျွံသောက်မှု့နဲ့ ပတ်သက်တဲ့ ဘယ်အဓိက ပြဿနာတွေကြောင့် အခုလို သေကျေထိခိုက်မှု့တွေ ဖြစ်နေရတာပါသလဲ။ အလွန်အကျွံ အရက်မသောက်ဖြစ်အောင် ဘယ်အချက်တွေကို သိထားဖို့လိုပါသလဲ။

ဒီအကြောင်းတွေကို သိရှိနိုင်ဖို့ VOA သတင်းထောက် ရှယ်လီ ဂူးလပ်စ် (Shelly Gollust) သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံ မေရီလင်းပြည်နယ်က အရွယ်ရောက်သူဆိုင်ရာ ဆေးပညာရှင် ဒေါက်တာ ကောလင်း စိန် (Collin Sein) ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

XS
SM
MD
LG