သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေးရောဂါ တားဆီးရေး


သွေးလွန်တုပ်ကွေးရောဂါ တားဆီးရေး
သွေးလွန်တုပ်ကွေးရောဂါ တားဆီးရေး

ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးနိုင်အောင် ကြိုးပမ်းချက် အလားအလာကောင်းတခု ရှိကြောင်းကို တင်ပြထားပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် အပူပိုင်းဒေသတွေမှာ လူအများအပြားကို ပြင်းပြင်းထန်ထန် ဖျားနာစေပြီး အသေအပျောက်လည်း ရှိစေပါတယ်။ ဒီအတွက် ကာကွယ်ဆေးနဲ့ သတ်သတ်မှတ်မှတ် ကုသနိုင်တဲ့ဆေး မရှိသေးပါဘူး။

ဒါပေမဲ့ အခုအချိန်မှာတော့ သြစတျေးလျနိုင်ငံက သိပ္ပံပညာရှင်တစုက သွေးလွန်တုပ်ကွေးပိုးကို သယ်ဆောင်တဲ့ ခြင်တွေကို တိုက်ခိုက်ရာမှာ အောင်မြင်မှုရနေတယ်လို့ ပြောဆိုကြပါတယ်။ ဘယ်လိုမျိုး တိုက်ခိုက်ကြပြီး ဘယ်လို အောင်မြင်မှုတွေ ရှိကြတာပါလဲ။

မြန်မာနိုင်ငံမှာရော ဒီ ရောဂါအနေအထား ဘယ်လိုရှိနေပြီး ကာကွယ်နိုင်အောင် လက်ရှိ ဘာတွေ လုပ်ဆောင်နိုင်ပါသလဲ။ ဒီအကြောင်းတွေကို သိရှိနိုင်ဖို့ ဗွီအိုအေသတင်းထောက် Airt Chimes ပေးပို့ထားတဲ့ သတင်းနဲ့ မြန်မာနိုင်ငံထဲမှာ သွေးလွန်တုတ်ကွေး တိုက်ဖျက်ရေး လုပ်ကိုင်ဆောင်ရွက်ခဲ့သူ ဒေါက်တာအေးယုစိုးတို့ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်း က စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG