သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိုးရိမ်ပူပန်မှု လွန်ကဲတဲ့ စိတ်ရောဂါ


မကြာသေးခင်က အမေရိကန်စစ်သားတဦးဟာ အာဖဂန် အရပ်သား (၁၇) ဦးကို ပစ်သတ်ခဲ့ပြီးနောက် Post-Traumatic Stress Disorder (ခေါ်) ပြင်းထန်တဲ့ အန္တရာယ် ကြုံရအပြီး စိုးရိမ်ပူပန်မှု့ လွန်ကဲလာတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါအကြောင်း ပိုမိုစိတ်ဝင်စားလာကြပါတယ်။

အမေရိကန်နိုင်ငံက လေ့လာမှု့တခုအရ အီရတ်နဲ့ အာဖဂန်စစ်ပွဲတွေက ပြန်လာတဲ့ စစ်မှု့ထမ်း သုံးပုံ-တပုံမှာ ဒီစိတ်ရောဂါ ခံစားခဲ့ကြပြီး၊ သူတို့အနေနဲ့ ဒီစိတ်ရောဂါမရှိတဲ့ တခြားစစ်မှု့ထမ်းတွေထက်ဆရင် စစ်ပွဲအတွင်းမှရခဲ့တဲ့ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာတွေအတွက်လည်း မူးယစ်ဆေးပါတဲ့ ဆေးဝါးတွေ ပိုသောက်ခဲ့ကြပါတယ်။

အခုလို မူးယစ်ဆေးပါတဲ့ ဆေးတွေ သောက်သုံးခဲ့ရတဲ့ ဒီစစ်မှု့ထမ်းတချို့မှာ ပြင်းထန်တဲ့ အကျိုးဆက်တွေအနေနဲ့လည်း ယာဉ်တိုက်မှု့အပါအဝင် မတော်တဆ ထိခိုက်မှု့တွေဖြစ်ခြင်း၊ အရက်စွဲလာခြင်း၊ အကြမ်းဖက်မှု့တွေလုပ်လာခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေခြင်း နဲ့ မူးယစ်ဆေးဝါးတွေ အသုံးလွန်ပြီး အသက်ဆုံးရှုံးတာတွေ ဖြစ်လာရတယ်လို့ ဒီလေ့လာမှု့မှာ ဖော်ပြထားပါတယ်။

တကယ်တော့ ဒီစိတ်ရောဂါဟာ အခုလို အသက်အန္တရာယ်ကြုံရတဲ့ စစ်ပွဲတွေကြောင့်အပြင်၊ လူအများအပြား သေဆုံးရတဲ့ ပြင်းထန်တဲ့ သဘာဝဘေးဒဏ်တွေခံရအပြီးမှာလည်း ဒီကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို အပြန်ပြန်အလှန်လှန် စဉ်းစားမိကြပြီး ကြောက်ရွံစိုးရိမ်မှု့ ပုံမှန်ထက် ပိုခံစားသွားရာကနေ ဖြစ်လာရတာပါ။

စစ်ပွဲဒဏ်၊ သဘာဝဘေးဒဏ်တွေပါ ခံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ဒီစိတ်ရောဂါဖြစ်စေနိုင်တဲ့ တခြားဘယ်လို အန္တရာယ်မျိုးတွေ ရှိနေပါသေးသလဲ။ ဒီရောဂါကြောင့် ပြင်းထန်တဲ့ နောက်ဆက်တွဲတွေ မဖြစ်ရအောင် အရေးကြီးဆုံးကတော့ ဒီရောဂါလက္ခဏာတွေ ရှိလာခဲ့ရင် အမြန်ဆုံး ဆေးရုံဆေးခန်းပြပြီး ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ လိုပါတယ်။ ဒီရောဂါ စဖြစ်လာရင် ဘယ်လိုလက္ခဏာတွေ ဖြစ်လာလေ့ရှိပါသလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် Melinda Smith သတင်းပို့ထားတာနဲ့ အမေရိကန်နိုင်ငံက စိတ်ရောဂါအထူးကု ဒေါက်တာမျိုးဝင်းကျော် ကို မေးမြန်းထားတာတွေကို ကိုဝင်းမင်းက စုစည်းတင်ပြထားပါတယ်။

XS
SM
MD
LG