ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization - WHO) က ၂၀၀၉ ခုနှစ်က ကမ္ဘာပေါ်မှာ ကလေးအသေမွေးတာ စုစုပေါင်း ၂.၆ သန်းတောင် ရှိခဲ့တယ်လို့ မကြာသေးခင်ကပဲ ဆိုပါတယ်။ အများစု ကြီးကြီးမားမား ဖြစ်ကြရတာကတော့ ဖွံဖြိုးဆဲနိုင်ငံတွေမှာဖြစ်ပြီ။ အဓိက အများဆုံးသေရတာက အာဖရိကနဲ့ အရှေ့တောင်အာရှဒေသတွေ ဖြစ်ပါတယ်။
ဒီကျန်းမာရေးဆိုင်ရာ အကြောင်းကို ဗွီအိုအေ သတင်းထောက် လီစာ ရှလိုင်း (Lisa Schlein) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ရုံးစိုက်ရာ ဂျီနီဗာမြို့ (Geneva) ကနေ သတင်းပေးပို့ထားတဲ့ သတင်းဆောင်းပါး နဲ့ မြန်မာနိုင်ငံထဲမှာ မိခင်နဲ့ကလေး ဆေးကုသမှု အတွေ့အကြုံ ရှိထားခဲ့တဲ့ ဒေါက်တာမြင့်ဦး ကို ဆက်သွယ်မေးမြန်း ကိုဝင်းမင်း က ဒီတပတ် ကျန်းမာရေးကဏ္ဍမှာ တင်ပြထားပါတယ်။