သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကကူးစက်တဲ့ ရောဂါတွေ နဲ့ ရေကောင်းရေသန့် ရရှိရေး


ရေကကူးစက်တဲ့ ရောဂါတွေ နဲ့ ရေကောင်းရေသန့် ရရှိရေး

ကမ္ဘာပေါ်က လူပေါင်းသန်းတထောင်ခန့်ဟာ ရေကောင်းရေသန့် လုံလောက်အောင် မရကြပါဘူး။ စစ်ပွဲတွေထဲမှာ သေရတဲ့ အရေအတွက်ထက် ဝမ်းကိုက်တာနဲ့ ကာလဝမ်းရောဂါတွေလို ရေကတဆင့် ကူးစက်တဲ့ ရောဂါတွေကြောင့် သေနေကြရတာက ပိုများနေပါတယ်။ ကာကွယ်နိုင်တဲ့ ရောဂါကနေ သေနေရတာမို့ မဖြစ်သင့်တာပါ။

ဒီ လူသားချင်း စာနာမှု့ဆိုင်ရာ ဘေးဒုက္ခဆိုးကြီးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာကြီးကို ဖြေရှင်းပေးနိုင်ဖို့ နိုင်ငံတကာမှာ ဘယ်လို လက်တွေ့ကျတဲ့ နည်းတွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပါလဲ။ မြန်မာနိုင်ငံမှာလည်း ဒီရေသန့်ရရေးအတွက် Community Development Association (CDA) နဲ့ UNICEF တို့ရဲ့  အကူအညီနဲ့အတူ Thirst Aid-Myanmar NGO အဖွဲ့က မြေရေစစ်အိုး (Ceramic Water Filter) ထုတ်စက်ရုံတွေကို ဘယ်မြို့ကြီးတွေမှာ ထူထောင်ပြီး၊ ဘယ်လိုပညာပေးတာတွေကိုလုပ်ကာ လူပေါင်းဘယ်လောက်အတွက် အကျိုးရှိနေပါပြီလဲ။

ဒီအကြောင်းတွေကို VOA သတင်းထောက် ပီတာ ဖဲဒင်းန်စကီး (Peter Fedynsky) သတင်းပို့ထားတာနဲ. မြန်မာနိုင်ငံထဲကThirst-Aid Myanmar NGO အဖွဲ့ခေါင်းဆောင် မသင်းနွယ်စိုးနဲ့၊ Community Development Association (CDA) အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မောင်ဝင်းတို့ကို မေးမြန်းထားတာတွေကို စုစည်းပြီး ကိုဝင်းမင်းက တင်ပြထားပါတယ်။

မှတ်ချက်။ ။မြေရေ စစ်အိုးတလုံးကို အနဲဆုံးဈေးက ၁၀၀၀၀ ကျပ် ပေးရပြီး၊ Thirst-Aid Myanmar NGO ရဲ့  ရုံးဖုန်း ၀၁ ၅၂၃၉၃၀-၃၇ (နောက်ဆက်တွဲ ၂၃၀၁) နဲ့ လက်ကိုင်ဖုန်း- ၀၉ ၅၀၀၆၀၆၄ တို့ကို ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ လိပ်စာကတော့ - ၄၉၇, အခန်း ၃၀၁၊ တာဝါ A ၊ ဒိုင်းမွန်း ကော်န်ဒို (Diamond Condo), ကမာရွတ်မြို.၊ ရန်ကုန်။ အင်တာနက်စာမျက်နှာ- www.thirst-aid.org

XS
SM
MD
LG